(4)

6 0 0
                                    

လွန်းသုတတစ်ယောက်  ဆေးရုံမှာသွားလေ့လာဖို့ အသိတစ်ယောက် လိုအပ်လေသည်။သူနဲ့သိတဲ့ ဆရာဝန်ကလည်းမရှိ။ဆရာဝန်ဖြစ်ရင်တောင် ရာထူးကြီးမှ ရမယ်။ဒီတော့ ဘာလုပ်ရမှန်းကိုမသိဖြစ်နေတော့သည်။

"ကိုလင်းမြတ်"

"အင်းပြောလေ သုတ"

"အကို ကျွန်တော် ဆရာဝန်တွေအလုပ် လက်တွေ့လေ့လာချင်လို့ အကိုနဲ့ သိတဲ့ ဆရာဝန်အသိတွေများမရှိဘူးလားဟင်"

"အကိုသိတဲ့ ဆရာဝန်ကြီးတစ်ယောက်တော့ရှိတယ် ကိုယ်တစ်ခါ ကူညီဖူးတော့ ကိုယ်အကူအညီလိုရင် ပြောလို့ပြောထားတယ် ဘာလဲ ကိုယ်မင်းကို ကူညီရမှာလား"

"ကူညီပါနော် နော် Please"

လွန်းသုတတစ်ယောက်မျက်နှာငယ်နဲ့ ကြည့်နေတာကို လင်းမြတ်ဥပေက္ခာ မပြုနိုင်။ဒီကောင်လေးကတော့ တကယ်ပါဘဲ။

"သူက ဆေးရုံကြီးမှာ ရာထူးလည်းကြီးတယ်
သူ့နာမည် ဦးမောင်ဝင်းလို့ခေါ်တယ် သုတ အဆင်ပြေမှာပါ"

"ကျေးဇူး ကျေးဇူးပါဗျ"

လွန်းသုတ တစ်ယောက် လင်းမြတ်ကို တင်းတင်းဖက်လိုက်သည်။လင်းမြတ်ကတော့ ပြုံးပြုံးလေးပင်။ဒီကောင်လေးက သူလိုချင်တာရရင် ပျော်လို့ပါလား။

"အာ့ဆို ကိုယ်ဒီည သူ့ကိုစကားသွားပြောပြီး အကူအညီတောင်းကြည့်မယ် ရရင် မနက်ဖြန်
အိမ်ကိုခေါ်ပြီးမိတ်ဆက်ပေးမယ်OKလား"

"ရတာပေါ့ အကိုအဆင်ပြေသလိုလုပ်"

"Ok"

လွန်းသုတတစ်ယောက် ပြုံးပြုံးပျော်ပျော်နဲ့ အိမ်ကိုပြေးပြန်သွားလေသည်။အရင်က လွန်းသုတပါဘဲလား။

နောက်နေ့မနက်ရောက်တော့ သုတတစ်ယောက် ကိုလင်းမြတ်မိတ်ဆက်ပေးမယ့် ဆရာဝန်နဲ့တွေ့ဖို့စိတ်လှုပ်ရှားနေလေရဲ့။

နောက်ခနနေတော့ ဆရာဝန်ရောက်လာပြီ။ရောက်တော့ ကျွန်တော်နဲ့ အကြည့်ချင်းဆုံပြီး ဦးမောင်ဝင်း မျက်ခုံးပင့်သွားလေသည်။

"လာဆရာကြီး ဒီမှာထိုင်ပါ"

"မောင်လင်းမြတ် မင်းပြောတဲ့ နိုင်ငံခြားမှာကျောင်းပြီးတဲ့ ကောင်လေးက ဒီအကောင်သေးသေးလေးနဲ့လား"

လွန်းသုတ ပါးစပ်က ပြုံးနေပေမယ့် စိတ်ထဲမဲ့သွားလေသည်။အကောင်သေးတာ ပြဿနာဖြစ်လို့လား။

"ဟုတ်တယ်ဆရာရဲ့"

"ဆရာတို့ဆေးရုံမှာက အသက်၃၀ ဝန်းကျင်တွေဘဲရှိကြတာ ၂၀ကျော်တွေရှိပေမယ့် အနည်းစုဘဲပေါ့ အဲ့ထဲမှာ မင်းအငယ်ဆုံးနဲ့အကောင်အသေးဆုံးဖြစ်နေမှာကောင်လေး"

"ပြဿနာမရှိပါဘူးဗျ"

"မင်းက ဘယ်အပိုင်းကို လေ့လာချင်တာလဲ"

"ကျွန်တော် ဆေးဝါးပိုင်းနည်းနည်းကြည့်ပြီး ကုထုံးတွေပေါ့ အဆင်ပြေပါ့မလားဆရာ"

"အဆင်ပြေပါတယ် လင်းမြတ်အပေါ်ကျေးဇူးရှိတာနဲ့ သူက ကူညီခိုင်းတော့ကူညီရတာပေါ့"

"ကျေးဇူးပါဆရာ"

"ရပါတယ် ကဲဒါဆို မနက်ဖြန် စလာပေါ့ အခုတော့ဆရာ ဆေးရုံသွားရဦးမယ်"

"ဟုတ်ကျေးဇူးပါဆရာ"

ဆရာဦးမောင်ဝင်းတစ်ယောက်ပြောပြီးဆိုပြီးတော့ထွက်သွားလေသည်။စိတ်ထဲမှာပျော်တာကလွဲပြီး ဘာမှမလုပ်တတ်။ကိုလင်းမြတ်ကတော့တကယ့်ကို ကျွန်တော့်အပေါ်ကျေးဇူးကြီးတယ်။

"အကိုတကယ်ကိုကျေးဇူးတင်ပါတယ်နော် အကို့အပေါ်အကြွေးတွေ အများကြီးတင်သွားပြီ"

"မဟုတ်တာ သုတရယ် ဟိုမှာ အကုန်လုံးကိုသေချာလေ့လာနော်ဆရာတွေ စိတ်မပျက်စေနဲ့"

"ဟုတ်ကဲ့ စိတ်ချပါခမျ အခုတော့ပြန်တော့မယ်နော်"

"အွန်းကောင်းပြီ ပြန်လေ"

လွန်းသုတတစ်ယောက် ပျော်ပျော်နဲ့ အိမ်ပြန်လာပြီး အခန်းရဲ့ အိပ်ယာပေါ်လှဲချလိုက်သည်။ပြီးတော့ ကျွန်တော့်ဖုန်းထဲက Galleryထဲဝင်ပြီး အရင်က ကျွန်တော်နဲ့ ရနရဲ့ ပုံတွေကို ဝင်ကြည့်ပြီး သက်ပြင်းချမိလေသည်။

ရနရယ် သတိရလိုက်တာ မင်းကတော့ငါ့ကို မုန်းနေမှာဘဲ။အရင်က ရိုက်ခဲ့တဲ့ ပုံတွေတောင် အခုထိသိမ်းထားပြီး ပြန်ကြည့်နေမိတယ်။တကယ်ကို အရင်က ငါတို့နှစ်ယောက်ရှိခဲ့တဲ့အချိန်တွေ ပျော်စရာကောင်းခဲ့တာဘဲ။အရာအားလုံးအတွက်တောင်းပန်ပါတယ်။ငါမင်းကို တကယ်တွေ့ချင်တာပါရန။ဖြစ်နိုင်ရင်ပေါ့။

************************************

Thanks For Reading💚

I Think He Know! Season(2)Where stories live. Discover now