"အာကာ..မင်း..အဲ့ page admin တွေကို သိလား"
ကျောင်းရောက်သည်နှင့် အာကာ့ကို တွေ့ကာ mailbox က သူတို့ပုံတွေအကြောင်း ပြောရသည်။ share တဲ့သူတွေ များလာပြီး တချို့ ကျောင်းသူများက မင်းဉာဏ် ဟုပင် သူတို့ နာမည်အစ စာလုံးများကိုယူကာ ship နေကြတော့သည်။
"ကျွန်တော်လည်း မသိဘူး ရာဇာ..page cbကိုတော့ ဖျက်ပေးဖို့ ပြောထားတယ်"
"ငါလည်း ပြောထားတယ်..စာကို ဝင်မဖတ်ကြဘူးကွာ"
ရာဇာတစ်ယောက် ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်နေမိတော့သည်။ ကိုယ့်အပူနှင့်ကိုယ် စိတ်ရှုပ်ရသည့်ထဲ မလိုလားသည့် ပြသာနာများကပါ ဝင်လာတော့သည်။
"ဒါနဲ့..ညဘက်အချိန်ပိုင်းအလုပ်တစ်ခု တွေ့ထားတယ် ရာဇာ..လုပ်မယ်ဆို..ကျွန်တော် အဲ့ဆိုင် သူဋ္ဌေးကို ပြောပေးမယ်"
မြန်မာပြည်မှာ အချိန်ပိုင်းအလုပ် မထွန်းကားသေးတာကြောင့် အလုပ်ရှာမရဖြစ်နေသော ရာဇာ့ မျက်လုံးတို့ အရောင်တောက်သွားသည်။
"ဘာဆိုင်လဲ..အာကာ..မင်းပြောပေးရင်တော့..ငါ ကျေးဇူးတင်တာပေါ့ကွ"
ဝမ်းသာသွားသည့် စိတ်ကြောင့် အာကာ့လက်မောင်းကို လှမ်းကိုင်ကာ ပြောလိုက်မိသည်။ ယောကျာ်းလေးချင်း ဆိုသည့် စိတ်နှင့် ရာဇာ ထိုသို့ ပြုမူလိုက်ခြင်းပင်။
"ငါပြောသားပဲ..တွဲနေကြတာပါလို့"
နောက်နားက ကောင်မလေးတစ်ယောက်၏ တီးတိုးစကားသံကြောင့် ရာဇာ လက်ကို ပြန်ရုတ်လိုက်ရသည်။ အာကာကတော့ အေးအေးဆေးဆေးပင်။
"နာမည်ကြီး Bar တစ်ခုပဲ..ဒါပေမဲ့..position က waiter ဖြစ်နေတယ်..အဆင်ပြေရဲ့လား"
"အလုပ်ရမှာကိုပဲ ကျေးဇူးတင်နေပါပြီကွာ"
ခေါင်းငုံ့ကာ ဦးထုပ်ကို အကြောင်းမရှိ ဆွဲချမိလိုက်သေးသည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပင်။ waiterဆိုလည်း အဆင်ပြေပါသည်။
"ဒါဆို..ညနေ ကျွန်တော်နဲ့ လိုက်ခဲ့လိုက်လေ..အဲ့က သူဋ္ဌေးနဲ့ တစ်ခါတည်း သွားတွေ့တာပေါ့"
"လိပ်စာပြောလေ..ငါ့ဘာသာ လာလိုက်မယ်..စာသင်ဝိုင်းတစ်ခုရှိသေးလို့"
BINABASA MO ANG
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...