9

11.9K 1.9K 103
                                    

"ကိုကြီးမာန်ပြည့်က..ပန့်ကို အပြစ်မရှိ အပြစ်ရှာနေတာ..ပန်ရေးတာ မှန်နေတာပဲကို"

"နင်က အလွတ်ကျက် ရေးထားပြီး..အဓိပ္ပာယ်တွေမှ မသိတာဟ.. စာရတာပဲ ရှိသေးတယ်..နင်ကျက်ထားတာကို နင်နားလည်မှ စာတတ်တယ် ခေါ်တယ် မိပန်"

ပန်ပန် ပါးနှစ်ဖက်ကို ဖောင်းနေအောင် နှုတ်ခမ်းစူတော့သည်။ ဒီမီးဖိုချောင်မှာ ကိုကြီး မာန်ပြည့်နှင့် စာအတူထိုင်လုပ်နေတာ ညနေ ငါးနာရီထဲက..ယခုဆို အချိန်အားဖြင့် ၃နာရီခန့်ပင်ကြာသွားပေသည်။ ငါးမိနစ်ခန့်ကို နှစ်ခါသာ နားရသေးသည်။

"ငါရှင်းပြတဲ့ အဓိပ္ပာယ် နင်းနားမလည်လို့လား..အခုပဲ ရှင်းပြလိုက်တာလေ"

"မေ့သွားလို့ကို.."

မိပန်၏ ဉာဏ်က ဟိုဘက်အမျိုးနှင့် သွားတူပုံရသည်။ စာကျက်လည်း ခပ်ကြာကြာကျက်ရပြီး မေ့လွယ်သည်။ ဉာဏ်ကလည်း တုံးသေးသည်။ ရာဇာနှင့် ရုပ်ရည်အရ တူသော်လည်း ဉာဏ်ရည်ပိုင်းက ဆီနှင့်ရေပင်။

"ရန်ဖြစ်သံကြီးပဲကွာ..မင်းတို့က"

အိမ်ရှေ့ဖိနပ်ချွတ်မှာတည်းက..မာန်ပြည့်နှင့် ပန်ပန့်၏ စကားများသံကို ကြားနေရသည်။ ရာဇာပြန်ရောက်နေသည်ကိုပင် နှစ်ယောက်သားသတိမထားမိကြ။ ထသတ်တော့မည့် ပုံပေါ်သည့် နှစ်ယောက်ကြားထဲ ရာဇာဝင်ထိုင်လိုက်သည်။

"ကိုကို..ဒီနေ့..အလုပ်မသွားရဘူးလား"

ပန်ပန်က ဘောပင်အဖုံးထိပ်ကို ကိုက်ရင်း ရာဇာ့ကို ပျော်ရွှင်စွာ မေးလာသည်။

"ဟိုတစ်ပတ်က သူများဂျူတီ အစားဝင်ပေးထားလို့ ဒီတစ်ပတ် နှစ်ရက်ပဲ ဆင်းရတယ်လေ..ရော့..ပန်ပန် လိုချင်တဲ့ ဘောပင်အိတ်"

ပန်းပွင့် ချည်သားပိတ်စနှင့် ချုပ်ထားသည့် ဘောပင်အိတ်အရှည်လေးကို ပန်ပန့်ဆီ ကမ်းပေးလိုက်သည်။

"ကပ်စည်းနဲက သူ့ညီမကျ သိတတ်လိုက်တာ"

မာန်ပြည့် တီးတိုးရွတ်သည်။

"မာန်ပြည့်..နောက်နေ့တွေ လာမသင်နဲ့တော့..မင်းစာမေးပွဲက လပိုင်းပဲ လိုတော့တယ်..စာလုပ်တော့"

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Tempat cerita menjadi hidup. Temukan sekarang