တိတ်ဆိတ်သွားတဲ့နေ့ရက်တွေ

1 0 0
                                    

ကျွန်တော့်ရဲ့ ကမ္ဘာကြီးက အကိုပါ။
အကို ဂရုမစိုက်ဘဲ ပစ်ထားတဲ့ နေ့ရက်တွေက
ကျွန်တော့်အတွက် ကမ္ဘာပျက်သလိုပါပဲ

အခုတော့......
အကိုက ''မေ့လိုက်ပါတော့ '' တဲ့လား
ဒီစကားတွေက အရင်လို
စနောက်နေတာပဲ ထင်ခဲ့တာ

ကျွန်တော့ကမ္ဘာကြီးက
အခု လုံးဝမှောင်အတိ
အကိုကြိုက်တဲ့ ဆံပင်ရှည်တွေလည်း
ညှပ်ပစ်ပြီ
အကို မကြိုက်တဲ့ အရာတွေလည်း
ကျွန်တော်လုပ်ဖြစ်နေပြီ။

အချစ်က ဒီလောက်တောင် နာကျင်ရလား?

အကိုသိလား
အကို မက်မက်မောမော နမ်းရှိုက်ခဲ့တဲ့
ကျွန်တော့နှုတ်ခမ်းတွေက
အရင်လိုမချိုမြိန်တော့ဘူး....
ကော်ဖီခါးခါးတွေကြိုက်တတ်တဲ့ ကောင်မလေးက အခု ဆေးလိပ်တွေ သောက်ဖြစ်နေပြီ။

ကျွန်တော် မပျော်ဘူး အကို..

ညဘက်တွေလည်း မအိပ်ဘဲ
အခန်းထောင့်မှာ ရှိုက်ငိုနေတတ်ပြီ
ကြိုးစားပြီး မေ့ပစ်တိုင်းလည်း
ရင်ထဲမှာ နာကျင်တယ် ။

အကို့ကို မေ့ပြစ်ဖို့အကြိမ်ကြိမ်အခါခါ ကြိုးစားဖူးတယ်။
ကျွန်တော်မူးနေမှ အကို့ကို မေ့ပစ်လို့ရတယ်
အခန်းထဲမှာလည်း ဘီယာဘူးတွေ တစ်စစီ။

အတူတူရှိခဲ့ဖူးတဲ့ ဒီအခန်းလေးမှာ
အရင်လို Lavender ရနံ့တွေမရှိတော့ဘူး။

အရင်လို အပြုံးလှလှလေးတွေလည်း
ဒီကောင်မလေး မပြုံးတတ်တော့ဘူး ။

ဒီနေ့က
June ၁၇ရက်
ကျွန်တော်လည်း အခု...
အကို့ကိုမတွေ့ချင်တော့ဘူး
အချိန်တွေကြောင့်
တဖြေးဖြေးနဲ့ နေသားကျသွားပြီ....
အကိုနဲ့လည်း မတွေ့နိုင်အောင်
အဝေးတစ်နေရာကို အပြီးထွက်သွားပြီ။

အကိုဖြစ်စေချင်တဲ့အတိုင်း
ကျွန်တော် လမ်းခွဲပေးလိုက်ပြီနော် ။
အခုက......အကို့ကို ချစ်ရတာ
အရမ်းပင်ပန်းမောပန်းနေလို့
ကျွန်တော် အေးဆေးအိပ်နေတာပါ ။

ကျွန်တော်အိပ်နေတာ မနှောင့်ယှက်ပါနဲ့ အကို
အကိုပေးတဲ့ ဒီပန်းတွေ မလိုချင်ပါဘူး
အကိုပေးခဲ့ဖူးတဲ့ အချစ်တွေ မေတ္တာတွေနဲ့
ကျွန်တော် နွေးထွေးခဲ့ရဖူးသလို
အများကြီး ပျော်ရွှင်ခဲ့ရပြီးပါပြီ။

အကို အခု ပျော်နေရမှာလေ
အကို မျက်ရည်မကျသင့်ဘူး
စိတ်မပူပါနဲ့ အကို
ကျွန်တော် အဆင်ပြေပါတယ်
အကို့ကိုလည်း မနှောင့်ယှက်တော့ပါဘူး။

အကို..... ပျော်ရွှင်ပါစေ။

You've reached the end of published parts.

⏰ Last updated: Sep 28, 2020 ⏰

Add this story to your Library to get notified about new parts!

တိတ်ဆိတ်သွားတဲ့ နေ့ရက်တွေWhere stories live. Discover now