အပိုင်း🌺၁၁🌺

2.3K 267 11
                                    

""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁၁🌺

✨အလွဲစိန်လေး သုန်သုန်✨

""ဟဲ့.....သုန်သုန် ​နင်အခုရက်ပိုင်း သတိလေးနဲ့နေနော်..နောက်ပြီး..သည်းခံသင့်သလောက်တော့ သည်းခံပြီးနေပါအေ..နေရာတကာ ခဏခဏ ရန်ဖြစ်တတ်တဲ့ အကျင့်ကြီးကိုလဲ ဖျောက်ဦး..""

ပွစိပွစိနဲ့ ပြောနေသည့် ရတီကို သုန်သုန် နုတ်ခမ်းကြီးစူရင်းနဲ့ စိုက်ကြည့်နေလေသည်။

""ဒါဘဲ နင်ကလေ အဘွားကြီးပေါက်စ လေးလိုဘဲ ပွစိပွစိနဲ့..တော်တော့်ကို စိတ်ပျက်စရာကောင်းတယ်.. ""

""ငါက နင့်ကို စိတ်ပူလို့ပြောနေတာ..သိရဲ့လား... ငါ့အစ်မသူငယ်ချင်းတစ်ယောက်လိုဖြစ်နေမှာ စိုးလို့ ပြောနေတာ..".

""နင့်အစ်မ သူငယ်ချင်းက ဘာဖြစ်သွားလို့လဲ..""

""သူလဲ..နင်လိုဘဲ.လမ်းမှာ. အခန့်မသင့်လို့ လူတစ်ယောက်နဲ့ စကားများရန်ဖြစ်လာခဲ့တာနင့်အတိုင်းဘဲ.. တစ်ဖက်လူကို မှိုချိုးမျှစ်ချိုး ​နဲ့ ရစရာမရှိအောင် ပြောခဲ့တာ.လေ.ဟော..နောက်ရက်ကျတော့လေ..သူနဲ့ရန်ဖြစ်ခဲ့တဲ့သူက..သူ့အိမ်ကို ရောက်လာပြီး..သူ့ကိုဓားနဲ့ထိုးသွားတာတဲ့တော့..""

""ဟင်...ဘယ်လို..ဘယ်လို...အဲ့လူက ဘယ်လိုဖြစ်ပြီး သူ့ရဲ့အိမ်ကို သိသွားတာလဲ..""

""သြော် နင်ကလဲ ဟိုက လူပုံအလည်မှာ အပြောခံရတော့ ရှက်ပြီး အငြိုးထားပြီး အဲ့ကောင်လေးရဲ့အိမ်ကို လိုက်စုံစမ်းပြီး ဓားနဲ့ဝင်ထိုးသွားတာတဲ့...နင်လဲ ကြပ်ကြပ်သတိထား ဘယ်နေ့ဓားထိုးခံရမယ်မသိဘူး..""

"""နင်...နင်ကလဲဟာ.လူကို.ကျောချမ်းအောင် ဘာတွေ​လာပြောနေမှန်းကိုမသိဘူး......""

သုန်သုန် ရတီကို မျက်စောင်းခဲရင်းဆိုလိုက်၏။
    အင်း...ရတီပြောသလို..ကုန်တိုက်မှာ ရန်ဖြစ်ခဲ့တဲ့ လူကြီးက ငါ့ကို မကျေမနပ်လို့ဆိုပြီး ငါ့​အိမ်ကိုရောက်လာပြီး ငါ့ကို ဓားနဲ့လာထိုးရင် ဘယ်လိုလုပ်မလဲ..။ ဖွဲ့ဟဲ့..လွဲပါစေ..ပယ်ပါစေ..။
မဖြစ်နိုင်ပါဘူး..။ မဖြစ်နိုင်ပါဘူး..။
ငါအိမ်ကို အဲ့လူကြီးသိစရာအကြောင်းမရှိပါဘူး..။ စိတ်ကိုအေးအေးထား သုန်သုန်..မကြောက်နဲ့..။ အကယ်၍များ အဲ့လူကြီးရောက်လာလို့ရှိရင်လည်း ငါက အရင် ဆော်ပလော်တီးထည့်လိုက်ရင် ရတာဘဲလေ..။
🤔🤔🤔

ဦးချစ်သော.အမွှေစိန်လေးМесто, где живут истории. Откройте их для себя