"မဆွတ်ချင်ဘူး အမေရာ..အဲ့အနံ့က ခေါင်းနောက်တယ်"
"အဲ့တာ ဘိုးတော်ကိုယ်တိုင် စပ်ပေးထားတာ ဆွတ်သွားပါဟဲ့..ဖြေနေရင်း စာမေ့သွားရင် အဲ့ရေမွှေးနံ့ကို မျက်လုံးမှိတ် အာရုံပြုပြီး ရှူလိုက်ရင် မေ့သမျှ စာတွေ ပြန်သတိရလာတယ်တဲ့...ရော့..ဆွတ်..ဆွတ်.."
"အမေ့ဘိုးတော်က ရိုက်စားလုပ်လိုက်တာ..အဲ့တာ တစ်ရာတန် ကုလားရေမွှေးတွေကို ဘူးခွံ့ပြောင်းထည့်ထားတာ"
"စာမေးပွဲ ဖြေခါနီး ဘိုးတော်ကို မစော်ကားနဲ့..အကိုင်ခံနေရမယ်"
တက္ကသိုလ်ဝင်ဆယ်တန်းစာမေးပွဲ၏ ပထမဆုံး ဘာသာရပ် မြန်မာစာဖြေမည့် နေ့သို့ပင် ရောက်လာရှိလာခဲ့ပြီ ဖြစ်သည်။ မာန်ပြည့်နှင့် မေချိုကတော့ ရန်ဖြစ်လို့ မပြီးသေး။
ဒီကောင့်ကို စာမေးပွဲခန်း လိုက်စောင့်ပေးရန် ရာဇာ ကျောင်းတစ်ရက်လစ်လိုက်ရသည်။ မေချိုကိုတော့ အိမ်မှာနေခဲ့ပြီး ဘုရား ရှိခိုးနေခိုင်းလိုက်သည်။မဟုတ်ရင် ကျောင်းရှေ့ထိ သားအမိ နှစ်ယောက် ရန်ဖြစ်နေလိမ့်မည်။"စာမမေ့ခင်..ခေါင်းနောက်သွားရင် စာမေးပွဲမဖြေနိုင် ဖြစ်လိမ့်မယ်..ထင်တယ် မေချို"
"ဟုတ်လား..အေး.အေး..ဒါဆိုလည်း..မဆွတ်ပေးတော့ဘူး."
မေချိုက ထိုကဲ့သို့ပင်။ သားဖြစ်သူ မာန်ပြည့်စကားထက် ရာဇာ့စကားကို ပိုယုံကြည်ပြီး နားထောင်တတ်သည်။
"၇နာရီခွဲနေပြီ..သွားရအောင်"
ရှစ်တန်း စာမေးပွဲကြီး ပြီး၍ လက်ယားလက်ယား ဖြစ်နေသည့် ပန်ပန်ကလည်း မာန်ပြည့်ကို လိုက်ပို့ရန် တတ်ကြွနေတော့သည်။
"သားလေး..သေချာဖြေနော်..နေဦး..နေဦး.."
မေချိုက မာန်ပြည့်ဦးခေါင်းကို လက်ဖြင့် အုပ်ကာ ဘုရားစာများ ရွတ်နေသေးသည်။
နဂိုတည်းက ဆယ်တန်းစာမေးပွဲ ဆိုတာလည်း သားသမီးထက် မိဘက ပိုရင်ခုန်ရသည်ကို။"စိတ်ချပါ..အမေရာ..လာ..သွားကြမယ် ရာဇာ"
.............................................
ကျောင်းရှေ့မှာ ဖြေဆိုမည့် ကျောင်းသားအရေအတွက်ထက် မိဘ အရေအတွက်က ပိုလို့ များပြားနေသည်။ တချို့သော ကျောင်းသူများ၏ ခေါင်းထက်မှာ သပြေခိုင်များ ပန်ဆင်ထားကြသည်။ တချို့မှာ အုန်းလက်လေးတွေ ပန်ထားကြသည်။ ဒါ မိဘများ၏ ဗေဒင်ယုံကြည်မှု စနက်တွေပင် ဖြစ်ပါလိမ့်မည်။ ထိုကဲ့သို့ အမျိုးစုံ ကြိုးခုံနေသော ကျောင်းသားများကြားထဲတွင် ရာဇာတို့ သုံးယောက်လည်းပါသည်။
YOU ARE READING
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...