Part-58💖⭐

161 20 6
                                    

ဘုန်းနေသော် အခန်းတံခါးလေးကိုစောင့်ပိတ်ကာ...ဆူပုတ်ပုတ်မျက်နှာဖြင့်ဝင်လာသည်...။

"တောက်..!! ဘာလုပ်တာလဲကွာ...မအားရင်အစောကြီးထဲက မချိန်းနဲ့ပေါ့..ခုကျ ငါက ဘာဖြစ်သွားပြီလဲ...အောက်တယ်ကွာ...ဘိုးတော်လုပ်ပုံတွေ မဟုတ်သေးပါဘူး...
ဟရောင်ငထက်...သူတစ်ခုခုတော့တစ်ခုခုပဲ...ငါရအောင်စုံစမ်းပေးမယ်...မင်းလဲ..-.."

ပြောရင်း ကုတင်ပေါ်ကိုလှည့်ကြည့်တော့...ထက်ကောင်းယံရှိမနေ...။
ဒေါသကြောင့်..အခန်းထဲဝင်လာကထဲက..ကုတင်ပေါ်မှ ဖက်လုံးအား...ထက်ကောင်းယံအထင်နှင့် စကားပြောနေခြင်းပင်.....။
ဘုန်းနေသော် ကိုယ့်နဖူးသာ ကိုယ်ပြန်ရိုက်လိုက်ပြီး...ရေချိုးခန်းထဲကိုကြည့်သည်...။ဘယ်သူမှရှိမနေ....။

"ရှစ်..သူတို့ဟာတွေနဲ့ သွားတွေ့တာဖြစ်မယ်...တွေ့ကြ..မင်းတို့ပဲကောင်းတယ်...."

မှန်ထဲသို့ မှုန်သုန်စွာကြည့်ရင်း...မိန်းကလေးအဝတ်အစားတွေအား လဲပစ်လိုက်သည်...။အပြင်ထွက်မည်ဟုပြင်လိုက်တော့...လက်ထဲမှဖုန်းလေးက အသံမြည်လာ၏...။

"ကိုကြီးမာန်...သူပဲကောင်းတယ်...ဦးဟန်ဇင်ခထက်တောင် ငါ့ကိုဂရုစိုက်သေးတယ်...ဟက်..
"အွန်း...ကိုကြီးမာန် ပြော.."

တစ်ဖက်မှ မင်းရဲမာန် မချိုမချဉ်ပြုံးဖြင့်.....

"ကိုယ်ပျင်းနေလို့...ဘုန်းအားရင် ကမ်းခြေဘက်ကို လျှောက်လာခဲ့ပါလား.."

"အင်း...ကျွန်တော်လာခဲ့မယ်လေ..."

"ခုဏနေရာမှာပဲ စောင့်နေမယ်နော်..."

"အိုခေပါဗျ..."

ဘုန်းနေသော်...ရှုပ်ပွနေသည့်ဆံပင်ကိုရှင်းဖို့ရာ..မှန်ရှေ့တွင်ရပ်လိုက်သည်...။ဘီးတစ်ချောင်းနှင့် ခပ်ဖွဖွရှင်းကာ...မကြာခင်ကမှ မိတ်ကပ်ဖျက်ထားသည့် မျက်နှာအား...မှန်နားသို့ကပ်ကာ သေချာကြည့်နေရင်း....

"ဟမ်...စောစောက ကိုကြီးမာန်က ငါ့ကို သော်တာပုံစံနဲ့တွေ့ခဲ့တာလေ...အခုဘာလို့..ခုဏနေရာမှာစောင့်နေမယ်လို့ပြောတာလဲ...ဘာလား..သူမသိလောက်ပါဘူး...ဘာလို့သိရမှာလဲ...ငါ့ ဟန်ကြီးတောင်မသိတာ..."

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now