Chapter-28
Interrogation
>>>Unicode<<<
Verendaသည် စားပွဲဝိုင်းတစ်ခုတွင် သူမ ခြိမ်းခြောက်ထားသည့် လူနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ ထိုသူထံမှ သူမ သိချင်သည့် သတင်းများ ရအောင် စစ်မေးနေလေသည်။
''ပထမဆုံး မေးခွန်းနဲ့ စကြတာပေါ့။ ရှင်တို့ Mask အဖွဲ့က ဘယ်လို အဖွဲ့အစည်းမျိုးလဲ''
''တကယ်ကြီးလား။ တကယ် အဲ့ဒီ့ မေးခွန်းကို ဖြေမှ ရမှာလား''
''မေးတာ ဖြေပါ။ မဟုတ်ရင် နောက်ထပ် အမာရွတ်တစ်ခု ထပ်ရသွားမယ်နော်''
သူမသည် သူမ၏ ဓားမြှောင် အသေးလေးကို ထိုလူ၏ မျက်နှာတည့်တည့်တွင် ချိန်ရင်း ပြောလိုက်လေသည်။
''ကောင်းပြီ။ အဲ့ဒီ့ဓားကြီးကို ကျုပ်မျက်နှာနဲ့ ဝေးဝေးမှာ ထားထားစမ်းပါ''
တကယ်တော့ သူမသည် Mask အဖွဲ့နှင့် အနက်ရောင်ဂိုဏ်း အကြောင်းကို သိသင့်သလောက်တော့ သိပြီးသားပင်။ အနက်ရောင်ဂိုဏ်းသည် သူမနှင့် ဂျပန်မှာ ဆုံဖြစ်ခဲ့တဲ့အချိန်မှ စပြီး သူမကို အရေခွံနွှာဖို့ သူမ ရှိရာ နေရာကို ယခုထိတိုင် လိုက်လံ စုံစမ်းနေလေသည်။ အကြောင်းရင်းကတော့ သူတို့ ရှာနေသည့် မြေပုံကို သူမက အရင် ရှာတွေ့ပြီး ရယူနိုင်ခဲ့ခြင်းကြောင့်ပင်။ Mask အဖွဲ့ကတော့ သူမ ဂျပန်မှ အမေရိကကို ပြန်ရောက်သည့်အချိန်တုန်းက သူမ တူလေးတွေကို လေ့ကျင့်ရေး ခရီးတိုလေး ခေါ်သွားချိန် သူမကို အငိုက်ဖမ်း ခြုံခို တိုက်ခိုက်ပြီး သူမ ယူသွားသော မြေပုံကို ထုတ်ပေးစေချင်ခဲ့လေသည်။ သို့သော် သူတို့ ရင်ဆိုင်နေရသည်က တခြားသူမဟုတ်။ Blood Thirsty Angelဟု နာမည်ပြောင် ရထားသူ နှစ်ယောက် မရှိနိုင်သည့် Verenda ဖြစ်နေသောကြောင့် သူတို့ဘက်က အသာစီး ရစရာ အကြောင်းမရှိနိုင်ပေ။
အရယူခိုင်းခဲ့သော မြေပုံကလည်း ပြန်ပါမလာသည့်အပြင် ရှိရှိသမျှ လွှတ်လိုက်သည့် လူတွေကလည်း ပြန်မလာသည့်အတွက် စစ်ဆင်ရေး မအောင်မြင်ကြောင်းကို ထိုMask အဖွဲ့ကို လွှတ်လိုက်သော အထက်မှ လူများ မသိဘဲ မနေနိုင်ပါပေ။ ထိုနေ့မှစပြီး သူမနှင့် သူမတို့ မိသားစု အကြောင်း တစွန်းတစမျှ စုံစမ်း၍ မရအောင် ခြေရာဖျောက်ပြီး နေခဲ့လေသည်။ သူမ အစ်ကို၏ အလုပ်ကိစ္စများတွင် အနည်းငယ်သာ ဝင်စွက်ဖက်ပြီး တစ်ဖက်တွင် ကျောင်းပြန်တက်ပြီး ဘွဲ့တစ်ခု ရအောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူမကို အလွယ်တကူ စုံစမ်းရန် မဖြစ်နိုင်ခဲ့။ သူမ ကျောင်းသူ တစ်ယောက်အဖြစ်ဖြင့် ပုန်းရှောင်နေမည်ဟုလည်း အနက်ရောင်ဂိုဏ်းနှင့် Mask အဖွဲ့က စဉ်းစားမိမည် မထင်ပေ။
KAMU SEDANG MEMBACA
Make Me Yours (KristSingto Fanfiction)
Fiksi PenggemarFirst KristSingto Fanfiction >>>Main Story>>Unicode>>Zawgyi<<< အချစ်ဆိုတဲ့အရာကလူအမျိုးမျိုးထံသို့မထင်မှတ်ထားတဲ့ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်ပါတယ်။ စိတ်ကူးဖြင့်သာဖန်တီးပုံဖော်ရေးသားထားခြင်းဖြစ်ပါတယ်။ Update ကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းနိုင်မှသ...