Unicode
ရှူတင်ပြီးသွားတာကြောင့် ရိပေါ် ကားပေါ်မှာပဲ ခဏနားနေရင်း အိပ်ပျော်သွားမိသည်။
"ရိပေါ် အစ်ကိုမင်းအတွက် နားချိန်ဖယ်ပေးထားတယ်၊ မနက်ဖြန် တစ်ရက် ကောင်းကောင်းနားလိုက်နော်"
မန်နေဂျာ အစ်ကိုက ရိပေါ်ကို လက်ဖြင့်ပုတ်နှိုးပြီး ပြောလိုက်သည်။
"အင်း"ဟု မျက်လုံးမဖွင့်ဘဲ တုံ့ပြန်လိုက်ပြီး ခေါင်းကိုစောင်းကာ ပြန်အိပ်လိုက်သည်။ နှုတ်ခမ်းလေးကတော့ ပြုံးနေလေရဲ့။ အကြံပိုင်တဲ့ ဝက်ပေါက်ကလေးအလား။
~~~~~~~~~~
"ရိပေါ် ဘယ်လိုရောက်လာတာလဲ"
ကျိုးချန်တို့နဲ့အတူ ခြံထဲမှာထိုင်နေရင်း ဆိုင်ကယ်ကြီးနဲ့ဝှီးခနဲ ရောက်ချလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်အလွန် ဆွံအသွားသည်။ ဒီနေ့တစ်ရက်လေးပဲ အားလပ်ချိန်ရှိတာကြောင့် အိမ်မှာနေပြီး အေးဆေးနားမယ်လို့တွေးထားတဲ့ အတွေးတွေက ဒီကလေးရောက်လာတော့ ကြက်ပျောက်ငှက်ပျောက်။
ဘာတွေမွှေဦးမယ်မသိဘူး။"အလည်လာတာလေ၊ ကောကလည်း၊ မလာစေချင်ဘူးလား"
သူတို့ထိုင်နေတဲ့ ခုံတန်းလျားနားကို လျှောက်လာတဲ့ ရိပေါ်က စကားကိုချွဲနစ်နေအောင်ပြောသည်။
မြင်လား ရောက်လာလာချင်းပဲ ဇာတ်လမ်းကစလာပြီ။ ချောနေတဲ့ ရုပ်လေးကိုမှအားမနာ ပြောင်စပ်စပ် ပြီတီတီမျက်နှာနဲ့။ တကယ်ပါပဲ။ ဒီအိမ်က သူပိုင်တာလား ကိုယ်ပိုင်တာလားဆိုတာ မသဲကွဲတော့ဘူး။ ထွက်ပြေးချင်တော့တာပဲ။ဘေးနားမှာထိုင်နေသည့် ကျိုးချန်နဲ့ ယွီပင်းကလည်း သောက်လက်စ ကော်ဖီခွက်ကြီးတွေကိုကိုင်ပြီး သူ့ကိုကြောင်တောင်တောင်နဲ့ကြည့်နေကြတယ်။
"ရိပေါ် ကောတို့စကားပြောနေတာ မပြီးသေးဘူး၊ ဒီကိုလာမရှုပ်နဲ့၊ အိမ်ထဲမြန်မြန်ဝင်၊ မားရှိတယ်"
ရှောင်းကျန့် ရိပေါ်ကို ပိတ်ဟောက်ပစ်လိုက်ပြီး အိမ်ထဲသို့ ဇွတ်အတင်းနှင်ထုတ်လိုက်သည်။ ရှုံ့မဲ့ပြီး မျက်မှောင်ကြီးကုတ်လျက် အိမ်ထဲ ခြေဆောင့်ဝင်သွားသည့် ကလေးစုတ်ကိုကြည့်ပြီး ရှောင်းကျန့် ခပ်ဖွဖွရယ်မိပြန်သည်။ တကယ်ပဲ...ကလေးဆန်လွန်းတယ်။
ဝက်ပေါက်လေး..။
STAI LEGGENDO
After six years...(Complete)
Fanfiction(Unicode) ကျန့်ကောက interview တစ်ခုမှာ ပြောဖူးတယ်မလား နောက်ခြောက်နှစ်နေမှ(သူ၃၅နှစ်ရောက်မှ) လက်ထပ်မယ်လို့လေ။ အဲ့တာနောက်ခြောက်နှစ်ပြည့်ပြီးတော့ သူ့ရဲ့ fanboyလေး yiboက ကျန့်ကော ပြောခဲ့တဲ့အတိုင်း ကျန့်ကောကို ဖွင့်ပြောဖို့ ရွာကနေတက်လာပြီး လာတွေတဲ့အခါမှ...