One shot(Unicode)

617 56 21
                                    


သူ့နာမည်က ချမ်းငြိမ်း​မောင်တဲ့
နာမည်ကသာ​ချမ်းငြိမ်းတာ လူက​တော့ပူ​လောင်တဲ့ဘဝသမား​လေးတစ်​ယောက်​ပါ...

သူကအလင်းမဲ့​နေတဲ့ အမြင်အာရုံချို့တဲ့သူတစ်​ယောက်ပါ။။မွေးရာပါအမြင်အာရုံချို့တဲ့သူဖြစ်ပြီးအာရုံ​ကြောပါအားနည်းတာမို့ဥာဏ်​ကောင်း​သော်လည်းစာအရမ်း​တော်တဲ့အထဲမပါဘူး​။အတန်းပညာကိုမျက်မမြင်​ကျောင်းမှာတက်ခဲ့ရတယ်။သူ့အစိုးရအကူအညီနဲ့​ထောက်ပံ့မှု​​ကြောင့်ဆယ်တန်း​အောင်​သော်လည်းတက္ကသိုလ်ဆက်မတက်နိုင်ခဲ့ဘူး။သူကဆက်မတက်ဖို့ဆုံးဖြတ်ခဲ့တာဆိုပိုမှန်မယ်။မိဘမဲ့တစ်​ယောက်​ဆို​သော်လည်းငဲ့စရာ​ကျေးဇူးရှင်​တွေရှိ​​သေးတယ်မလား။မျက်မမြင်အနှိပ်ပညာကိုသင်ယူပြီးအနှိပ်ခန်းမှာလာသမျှလူကို ​အောက်ကျခံပြီးနှိပ်​ပေးရတယ် တစ်ခါတစ်ရံအ​ပြောအဆိုလည်းခံရတာ​ပေါ့။

တစ်​ကောင်ကြွက်မဟုတ်​ပေမဲ့ ​ဆွေမျိုးနီးစပ်အ​ဒေါ်တစ်​ယောက်ဆီမှာကပ်​နေရင်း ရသမျှပိုက်ဆံအကုန်အပ်ရတယ်။

ပိုက်ဆံမအပ်နိုင်တဲ့​နေ့ဆို ရစရာမရှိ​အောင်အဆူအဆဲခံရ​တော့တာပါပဲ...

ထိုသို့ပူ​လောင်တဲ့ဘဝထဲကိုလူနှစ်​ယောက်ဝင်လာခဲ့တယ်။

မတူညီတဲ့​တွေ့ဆုံမှု​တွေနဲ့သူကြုံခဲ့ရတဲ့ခပ်ဆင်ဆင်တူတဲ့လူနှစ်​ယောက်​ပေါ့

ခွဲခြားရခက်တဲ့ သူ့လိုအကန်းတစ်​ယောက်အတွက်ဆိုပိုပြီးခွဲခြားဖို့ခက်ခဲတဲ့ အစစ အရာရာတူညီ​နေတဲ့သူနှစ်ဦး​ပေါ့...

နောင်တစ်ချိန်မှာရင်နာစရာ​​တွေဖြစ်လာမယ်ဆိုတာသိရင် မင်းတို့ကိုငါ့ဘဝထဲအဝင်ခံခဲ့မှာမဟုတ်ဘူး...

တစ်ခု​သောည​နေခင်းရဲ့​နေဝင်ချိန်အစ​လေးမှာ​​ကောင်ငယ်​လေးတစ်​ယောက်စက်ဘီး​လေးတစ်စီးနဲ့ရပ်ကွက်တစ်ခုနားက​နေအဖြတ် တုတ်တစ်​ချောင်းနဲ့​လျှောက်သွား​နေတဲ့​ကောင်​လေးတစ်​ယောက်ကိုမ​တော်တဆဝင်တိုက်မိ​လေရဲ့။ဘယ်သူ့အမှားရယ်လို့မသိခဲ့ပါဘူး...

အစတည်းက ကံကြမ္မာကသတ်မှတ်ပြီးသားမို့...

ကလင် ကလင်

The Last One Is...Where stories live. Discover now