Chapter - 13.2.1

5.2K 527 16
                                    

မုန့်ဝမ်က USBကို ယူလာပြီး ဓာတ်လှေကားထဲသို့ ဝင်လိုက်တယ်., ပြီးတော့ အပေါ်ဆုံးအထပ်ရဲ့နံပါတ်ကို နှိပ်လိုက်တယ်။ သူမဘေးနားမှာ ရပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က တခစ်ခစ်ရယ်ရင်း... "အကြီးအကဲကျိုးကို data လာပို့တာလား?"

"ဟုတ်တယ်...မစ္စတာကျိုးက အပတ်တိုင်း ငါတို့ရဲ့အချက်အလက်တွေကို ပြန်စစ်တယ်., ဒါက ပုံမှန် လုပ်ရိုးလုပ်စဉ်ပဲလေ. ဒါကြောင့် ဒီနေ့သူ မခေါ်ခင် ငါတို့ဌာနမှူ းက ငါ့ကိုအရင် အချက်အလက်လာပို့ခိုင်းတာ"

"data အားလုံးကို...ရှုပ်ထွေးတဲ့ပရိုဂရမ်နဲ့code တွေကို သူ ဘယ်လိုလုပ်ပြီးနားလည်မှာလဲ? သူက IT ထဲကမှ မဟုတ်တာ. ငါ ခန့်မှန်းမိသလောက်ကတော့...သူက အချက်အလက်လာပို့ပေးတဲ့ လူကိုများ မြင်ချင်လို့လားမှ မသိတာ" အဲ့လုပ်ဖော်ကိုင်ဖက်က အဓိပ္ပါယ်ပါပါ ပြုံးပြတယ်။

မုန့်ဝမ် အရမ်းပဲ ကသိကအောက် ဖြစ်မိတယ်...သူမလက်ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး တိတ်တိတ်နေလိုက်တယ်။ ဒီပြီးခဲ့တဲ့ 6 လမှာ ကျိုးယွင်ရှန့်က သူမကို အရူးလိုလိုက်နေတာ...ဒါပေမယ့် သူက တခြားမိန်းမတွေနဲ့ဟိုလိုလိုဒီလိုလို ဆက်ဆံရေးမျိုးတွေလည်း ရှိနေသေးတယ်... ဒါက သူမကို အလွန်စက်ဆုပ်ရွံ့ရှာမိစေတယ်။ ဒီလိုလူတစ်ယောက်က အချစ်ဆိုတာ...ဘာမှန်းတောင် သိရဲ့လား? ရယ်စရာတွေ...တဏှာဆိုတာပဲ ကြီးစိုးနေတဲ့သူကများ၊ သူ့ပိုက်ဆံတွေနဲ့အဆင့်အတန်းကို ဘေးဖယ်လိုက်ရင်...သူ့မှာ ဘာမှမရှိဖူး., သူက ကျစ်ဖေးရဲ့ခြေဖျားတောင် မမှီဖူး။

လုပ်ဖော်ကိုင်ဖက်တွေက မုန့်ဝမ်ရဲ့မျက်နှာအမူအရာဟာ သင်္ဘောပျက်တစ်စင်းလိုပဲ နစ်မြုပ်နေတာကို မြင်တော့ သူတို့ရဲ့နောက်ပြောင်မှုက အရမ်းများသွားတယ်လို့ထင်မိကြတယ်...အဲ့ဒါကြောင့် သူတို့ရဲ့စနောက်မှုကို ရပ်လိုက်တယ်။

ကုမ္ပဏီရဲ့အပေါ်ဆုံးထပ်မှာ, မုန့်ဝမ်က ဥက္ကဌ ရုံးခန်းကို တည့်တည့်လျှောက်သွားပေမယ့် အတွင်းရေးမှူ းရုံးခန်းကိုဖြတ်ရင်း အထဲသို့ မသိမသာစောင်းကြည့်လိုက်သေးသည်။ ရှောင်ဆန်းက ဖုန်းတစ်ကောလ်ကို ဖြေနေတယ်...သူ့မျက်နှာက အရမ်းဖျော့တော့နေပြီးတော့ သူက တစ်စုံတစ်ရာကြောင့် စိတ်ဖိစီးနေပုံရတယ်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ