Chpater - 13.3.2

4.6K 519 8
                                    

သူ ထိုလူ့ကို ဟိုတယ်ကိုပြန်ပို့ပေးပြီးတော့မှ ဒီနေ့ date အတွက် လက်ဆောင်မပေးရသေးတာကို သူသတိရမိတယ်...ဒါကြောင့် အနီးအနားကပန်းဆိုင်ကို သုတ်တီးသုတ်ပျာသွားလိုက်ရသည်။ သူတခါမှ လူတစ်ယောက် မလိုက်ဖူးဘူးလေ...ဒါကြောင့် သွေးဆောင်တဲ့နေရာမှာ သူလေး အတွေ့အကြုံမရှိဖူးရယ်။

ရီကျန့်က သူ့အပေါ်ဝတ်ကိုချွတ်လိုက်ပြီးတော့ စားပွဲပေါ်က ဝီစကီတစ်ပုလင်းကို ဆွဲယူလိုက်တယ်။

"မင်းတို့ရော လိုချင်သေးလား?"

"မလိုဖူး Boss...ကျနော်တို့ အလုပ်ချိန်မှာမသောက်ပါဖူး" သက်တော်စောင့်နှစ်ယောက်က သူတို့ခေါင်းတွေကို ခါပြသည်။

ရီကျန့် သုံးခွက်ဆက်တိုက်သောက်လိုက်တော့မှပဲ နဲနဲနေသာထိုင်သာရှိသွားတော့တယ်။ သက်တော်စောင့်တစ်ယောက်က မဝံ့မရဲမေးလာတယ် , "Boss...ဥက္ကဌကျိုးရဲ့အနှောင့်အယှက်ပေးမှုကို မကြိုက်ရင်..ကျနော်တို့ ကူညီပေးလိုရပါတယ်" ဒီလိုကုမ္ပဏီပမွှားလေးကသခင်လေးမျိုးက...အနဲဆုံးတော့ သူ့ကို ကြောက်နေသင့်တယ်လေနော်။

"အကယ်၍ သူလာခဲ့ရင်...ဘယ်သူ့မှ သူ့ကိုတားစရာမလိုဖူး" ရီကျန့်ရဲ့မျက်နှာ နဲနဲမဲတက်သွားသည်။

# Boss က ဥက္ကဌကျိုးကို မမုန်းရုံသာမက သူ့ပိုးပမ်းမှုကိုပါ ကြိုဆိုတယ်တဲ့လား? # သက်တော်စောင့်နှစ်ယောက်ဟာ တုန်လှုပ်ဖွယ်အမှန်တရားကို သူတို့ သိရှိသွားမိတယ်လို့ ခံစားလိုက်ရသည်။

ရီကျန့် အရက်ခွက်ကိုချလိုက်ပြီး ကော်လံကကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်တယ်...ပေါ်လာတဲ့ရင်ဘတ်ကြွက်သားမြောင်းတွေက သူ့ကို ကြောက်ခမန်းလိလိသွင်ပြင် ဖြစ်သွားစေသည်။

သက်တော်စောင့်နှစ်ယောက်က တစ်ဖက်ခန်းဆီသို့ ထွက်သွားကြတယ်။ Boss က တခုခုကို တအုံးနွေးနွေးဖြစ်နေတာ သိသာလှတယ်...ပြီးတော့လည်း gay ဆိုတာက တစ်လမ်းသွားတွေပါပဲ။ (တခါသုံးတွေပဲလို့ ပြောချင်တာထင်တယ်)

အဲ့ဒီအခိုက်မှာ တံခါး ဘဲလ်က မြည်လာတယ်...သက်တော်စောင့်တစ်ယောက်က သွားပြီး တံခါးသွားဖွင့်သည်။

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ