Chapter - 13.7.1

4.7K 511 10
                                    

ယခုလောလောလတ်လတ်တွင် 'ကျိုးနည်းပညာ' ဟာတော့ ယုံကြည်စိတ်ချမှု အပြည့်ဖြင့်ပေ၊ အင်မတန်ကြီးကျယ် ခမ်းနားစွာဖြင့် ဂိမ်းအသစ်တို့အား မိတ်ဆက်လာပေ၏ ... ပြည်တွင်းရှိ လူသိများလှတဲ့ မီဒီယာတွေကို ဖိတ်ခေါ်ရုံသာမက ပြည်တွင်းရဲ့ထိပ်တန်း A-list စာရင်းဝင် အနုပညာရှင် အမျိုးသား,အမျိုးသမီးနှစ်ယောက်အားလည်း သံတမန်များအဖြစ် ငွေကုန်ကြေးကျခံကာ ဖိတ်ကြားထားလေသည်။

ကျိုးယွင်ရှန့်နှင့် ရီကျန့်တို့နှစ်ယောက်က အတူတကွထိုင်ကြပေတယ်၊ တစ်ယောက်က ရည်မွန်သောအပြုံးနဲ့ တစ်ယောက်ကတော့ အမူအရာကင်းမဲ့သော မျက်နှာသေကြီးနှင့်ပေါ့ ... အနုပညာရှင်အမျိုးသား အမျိုးသမီးတို့၏ ဖျော်ဖြေမှုတွေ ပြီးဆုံးသွားတဲ့နောက်မှာတော့ သတင်းထောက်တွေဟာ အနှီပုဂ္ဂိုလ်နှစ်ယောက်ဆီသို့ အမေးများပြုရန် တိုးဝှေ့လာကြတော့သည်။

ရီကျန့်ဟာ သတင်းစာရှင်းလင်းပွဲရဲ့ အဓိကအခရာဖြစ်သွားလျက်၊ မိုက်ခရိုဖုန်းအများစုက သူ့စားပွဲထက်ပုံနေပေတယ်။ သူက တချက်မှပင်ဂရုမစိုက်ပဲ တဲ့တိုးပြောဆိုလာပေတယ် , "ဒီနေ့က ဂိမ်းမိတ်ဆက်ပွဲပါ ... အဓိကနဲ့သာမညကို ကျေးဇူးပြု၍ သိမြင်ပေးကြပါ"

သတင်းထောက်တွေက ကျိုးယွင်ရှန့်ဘက် လှည့်သွားကြပေမယ့် ... ရှန့်ကတော့ သူတို့အား မပွင့်တပွင့်ပြုံးပြလျက် သူ့လက်အား အသာဝှေ့ယမ်းကာ ပြောလာသည် , "စကားတွေ ရှည်ရှည်ဝေးဝေးပြောမနေတော့ဖူး ... ကျနော်တို့ဂိမ်းတွေရဲ့ ကောင်းမွန်မှုတွေကို ခင်ဗျားတို့ကိုယ်တိုင် ဝင်ရောက်စီးမြောကြည့်လိုက်ပါ"

သူ့နောက်ဘက်ရှိ LED ဖန်သားပြင်ဘက်သို့ လှည့်လိုက်ပေတယ်၊ မရေမတွက်နိုင်သော အမည်းရောင် အစက်အပျောက်လေးများက စက်ဝိုင်းပုံ လည်လျက် ... မြင့်မား၍ ခမ်းနားထည်ဝါသော နန်းဆောင်သဏ္ဍန်တစ်ခု တဖြေးဖြေး ဖြစ်တည်လာလေသည်။
ဝတ်ရုံတစ်ခု ဝတ်ဆင်ထားသည့် ခန့်ညားသော အမျိုးသားတစ်ယောက်ဟာ မျက်တွင်းဟောက်ပက် ဒဏ်ရာအနာတရတို့ ဗလပွဖြင့်ရှိသော ဆယ်ကျော်သက်အရွယ်ထင်ရတဲ့ သူတစ်ယောက်အား ပွေ့ချီ၍ နန်းဆောင်အတွင်း လှမ်းရင်းကာ သူ့အသံက ဟိုးအောက်ခြေထိအောင် ပဲ့တင်မြည်လာပေတည့်။ "ဤနေ့မှစ၍ ရှင်းဟိုင်ဟာ ငါ,ကျုံယိ၏ တပည့်ငယ်ဖြစ်ပေတယ်. အခုချက်ချင်း ထွက်သွားကြစမ်း ... ဒီထက်ပိုပြီး မျက်နှာထောက်နေမှာ မဟုတ်ဖူး"

ကလဲ့စား FOD- Arc13[မြန်မာဘာသာပြန်](Completed)Donde viven las historias. Descúbrelo ahora