(7)

4 0 0
                                    

လွန်းသုတတစ်ယောက် ဆေးရုံမှာ အလုပ်ဆင်းတာကို နားဖို့ဆုံးဖြတ်လိုက်ပြီ။ကျွန်တော် တတ်သင့်သလောက်လဲ တော်တော်တတ်နေပါပြီ။မနေ့ကရနလာပြီးကတည်းက ဆရာဦးမောင်ဝင်းပြောပြတယ် သူကျွန်တော့်ကို ခနခနမေးနေတယ်တဲ့။ကျွန်တော် မရှောင်ချင်ပေမယ့် ရှောင်ရမယ်။ကျွန်တော့်အတွက်မဟုတ်ပါဘူး ရနအတွက်ပါ။

"ဘယ်လို! ကောင်လေး မင်းက ဒီလောက်တော်တာ"

"ဆရာရယ် ဒီတစ်လောအတွင်း ကျွန်တော်က
ဆရာ့စီက သင်ယူတာရုံဘဲဆိုတာ ဆရာမေ့နေပြီထင်တယ် ကျွန်တော်က ဆရာ့စီက အများကြီးသင်ယူလိုက်ရပါတယ်"

"အေးကွာ ဆရာလဲ တကယ်ကိုမေ့နေတာ မင်းကတကယ်ကိုတော်တဲ့လူငယ်လေးပါ အဲ့တော့ မင်းစိတ်ကြိုက်ပါ နားချင်ရင်နားပေါ့"

"ဟုတ်ကဲ့ ကျွန်တော့် သင်ပေးခဲ့တဲ့အတွက် တော်တော်ကို ကျေးဇူးတင်ပါတယ်ဆရာ"

"ဟုတ်ပါပြီ"

ကျွန်တော်လည်း ဆရာရဲ့ ကုတ်အင်ကျီလေးကို ထားပြီး ဆေးရုံကနေထွက်လာလိုက်သည်။

ကလင်းး ကလင်းးး~~~

"ဟယ္လို ဘယ္သူလဲမသိဘူးခမ်"

"ဟဲ့ သုတ ငါလေ ဒေစီ ငါအခုလေဆိပ်မှာရောက်နေပြီ ငါ့ကိုလာကြိုလေဟယ်"

ကျွန်တော်ပြောပြထားလားတော့မသိဘူး ဒေစီက မြန်မာစကားပြောတတ်ပါတယ်။သူက UKမှာ အနေများပေမယ့် မြန်မာနိုင်ငံမှာလည်း သူ့အမျိုးရှိပါတယ်။

"ဘယ်လိုလုပ်ချက်ချင်းကြီးရောက်လာတာလဲ
ဘာမပြော ညာမပြောနဲ့"

"Suprise!!ဟဲ့လာကြိုပါဟယ် ငါ့အိမ်ကတောင်မသိဘူး ငါပြန်လာတာ"

"အေးပါ နောက်နာရီဝက်ဆိုရောက်မယ် နင် အနီးနားက စားသောက်ဆိုင်မှာ တစ်ခုခု ဝင်စားပြီးစောင့်နေ ဟုတ်ပြီလား"

"အေးပါ"

ကျွန်တော် ဂျူးဂျူးနဲ့ "THE STAR"ဆိုင်ကို ပြေးဝင်လာလိုက်သည်။သူ့ဆိုင်နာမည်ကို တော်တော်လှောင်လို့ကောင်းတာဘဲ။ရောင်းအားကတော့ သွားလှောင်လို့မရ တော်တော်ကောင်းသည်။

"ဂျူးဂျူး ငါ့နဲ့ လေဆိပ်လိုက်မလား"

"ဘာလို့လိုက်ရမှာလဲ အားနေတာမဟုတ်ဘူး ငါက အလုပ်အကိုင်ရှိတယ်"

"အေး အာ့ဆိုလဲ ဒေစီကိုလငါတစ်ယောက်ထဲ သွားကြိုတော့မယ်"

ထိုအချိန်ဂျူးဂျူး မျက်လုံးပြူးသွားလေသည်။

"ဟယ်....အလုပ်က အခုမှဘဲ ပြီးတော့တယ်
ခနလေး ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်"

"နင်ဘယ်သွားမလို့လဲ"

"နင့်နောက်လိုက်မယ်လေ"

"မအားဘူးဆို လုပ်ပါဆက်လုပ်ပါ နင့်အလုပ်ကို"

"ဟအမ်း ပြီးပြီ လုပ်ပါသွားကြရအောင်"

ဂျူးဂျူးတစ်ယောက် ကျွန်တော့်ကို ကားထဲ အတင်းထည့်ပြီးသွားခိုင်းတော့သည်။သူ့အကြောင်းမသိတာကျနေတာဘဲ။

နောက်နာရီဝက်လောက်ရောက်တော့ ကျွန်တော်တို့ရောက်လာပြီ။လေယာဉ်ကွင်းအနီးက စားသောက်ဆိုင်ဆိုတော့ တစ်ဆိုင်ဘဲ ရှိတယ်။

ကျွန်တော်ရယ် ဂျူးဂျူးရယ်သွားတော့ အထဲမှာ
အင်ကျီ အဝါရောင် စကတ်အတို ကျစ်စမီးလေးကျစ်ပြီး နေရောင်ထိတဲ့နေရာလေးမှာထိုင်တော့
ထင်းနေလေသည်။ကတ်ပြားရုပ်လေးကြောင့် ဂျူးဂျူးတစ်ယောက် ငေးကြည့်နေမိသည်။

ဒေစီက ကျွန်တော့်ကိုတွေ့တော့ ထပြီး လက်နဲ့
နှုတ်ဆက်ပြသည်။

"ဟဲ့ ဂျူးဂျူးလာလေ ဘာငေးနေတာလဲ"

"အေးပါ"

ကျွန်တော်တို့ ဒေစီနားရောက်တော့ ဒေစီက ဂျူးဂျူးထက် နည်းနည်းပုနေတော့ ဟိုတစ်ယောက်တော့ပျော်နေတော့မှာဘဲ။

"ဟေး ဒေစီ ဒါက ဂျူးဂျူး ငါပြောပြဖူးတယ် မှတ်မိတယ်မလား"

ဂျူးဂျူး တစ်ယောက် ကျွန်တော် နှုတ်ဆက်လို့တောင်မပြီးသေး လက်က ဒေစီ စီရောက်နေလေပြီ။

"ဂျူးဂျူးပါ"

"ဟုတ်ဒေစီပါရှင့်"

"ဒေစီကအရမ်းချစ်ဖို့ကောင်းတာဘဲနော်"

"ရှင်! မဟုတ်ပါတာ"

"ဟေ့ နင်တို့နှစ်ယောက်ဘာဖြစ်နေတာလဲ ရွယ်တူတွေဘဲကို ဖြစ်ပျက်နေလိုက်တာများ ဒီမှာပြောမနေနဲ့ ကားပေါ်ရောက်မှအေးဆေးပြောကြတော့"

ကျွန်တော် ကားစီပြန်ရောက်တော့ နှစ်ယောက်သားဖြစ်နေကြတာများ။

"ဒေစီ နင်ဘယ်မှာထိုင်......"

"ဟဲ့ သုတ ဒေစီက ငါနဲ့အနောက်မှာထိုင်မှာ"

မဟုတ်ဘူးလေ သူတို့နှစ်ယောက်တော်တော်ထူးဆန်းနေတယ်။ဒေစီက လည်းရှက်ရှက်နဲ့ တစ်ခုခုဘဲ ဒါတောင်အခုမှစတွေ့တာ။

************************************

Thank For Reading🖤

I Think He Know! Season(2)Where stories live. Discover now