#Unicode
2019/December 25
အခန်းရဲ့ပြတင်းပေါက်လိုက်ကာတွေကိုဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် နေရောင်ခြည် ခပ်နွေးနွေးတို့က မှောင်ပိန်းနေတဲ့ အခန်းငယ်လေးထဲ အတင်းထိုးဖောက် ဝင်ရောက်လာခဲ့တယ်။ထိုအခါမှ အခန်းရဲ့ချောင်ငယ်လေးထဲမှာ ဒိုင်ယာရီစာအုပ်အဟောင်းလေးကို ကျစ်ကျစ်ပါဆုပ်ကာ ဝမ်းနည်းနေတဲ့ လူတစ်ယောက်ကိုခပ်ရေးရေးမြင်ရတော့တယ်။
ဆော့ဂျင်လဲ ယွန်းဂီဒီလိုဖြစ်နေတဲ့ ပုံစံကိုမြင်လိုက်တိုင်းစိတ်မကောင်း..။ အရင်က တက်တက်ကြွကြွနဲ့ ရှိခဲ့တဲ့ ဆရာဝန်လေးဟာ အချစ်ကြောင့်..မဟုတ်ဘူး သူ့ရဲ့မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ခဲ့တစ်ခုကြောင့် စိတ်ရောကိုယ်ပါ ဒဏ်ရာရခဲ့ပီး ၂နှစ်တိုင်တိုင် အခုလို အခန်းငယ်လေးထဲမှာ စိတ်ဝေဒနာခံစားနေရခဲ့တယ်တဲ့လေ...။
အဖြစ်အပျက်တွေက မြန်မြန်ဆန်လွန်းတယ်။
ဘာလိုလိုနဲ့ ထိုနေ့ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေက ဒီနေ့ဆိုရင် ၂နှစ်တောင်ပြည့်ရောပေါ့..။ဒါကိုကောင်းကောင်းကြီး မှတ်မိတဲ့ယွန်းဂီက ဒီလိုနေ့မျိုးမှာ ပိုပီး ခံစားရမယ်ဆိုတာ ကောင်းကောင်းကြီးသိတာပေါ့။ဒါကြောင့်လဲ အခုလိုမနက်အစောတည်းက ယွန်းဂီအနားကို ရောက်လာခဲ့တာပေါ့။ဆော့ဂျင်လဲ ငယ်ငယ်ထဲကညီအကိုလို ချစ်ခင်လာခဲ့ရတဲ့ ညီလေးတစ်ယောက်ရဲ့ အဖြစ်ကို သက်ပြင်းပြင်းသဲ့သဲ့ချပီး သူ့ဘေးနားမှာပဲ ထိုင်ချလိုက်တယ်။
'ယွန်းဂီ~ကြမ်းပြင်မှာဒီတိုင်းကြီးထိုင်မနေနဲ့လေ အအေးပတ်မယ်။ လာလာ ကုတင်ပေါ်အိပ်'
ကုတင်ပေါ်ကို တက်ဖို့ အသားမရှိတဲ့ ပိန်လှီနေတဲ့ လက်မောင်းကနေ ဆွဲမနေတုန်းမှာပင် ယွန်းဂီက ဆွေးမြေ့မြေ့မျက်ဝန်းတို့နဲ့ ဆော့ဂျင်ကို မော့ကြည့်ကာ ပြောလာတဲ့ စကားလေး တစ်ခွန်းက ရင်နင့်ဖွယ်..။
'Hyung~ကျွန်တော့်..ကျွန်တော့်ရဲ့ကလေးငယ် ဘယ်တော့ပြန်လာမှာလဲဟင်~'
ဆော့ဂျင် စုတ်တစ်ချက်သပ်ရင်း ယွန်းဂီကိုကြည့်လိုက်တော့ မျက်ဝန်းထဲရှိအရည်လဲ့လဲ့တို့က တလိမ့်လိမ့်ကျဆင်းလာကာ ထပ်မံငိုနေပြန်ပီ။
YOU ARE READING
YoonGi one short