"ဒီနေ့တော့ ကောတို့ ပုံပြင်လေးတစ်ပုဒ်နဲ့ စလိုက်ကြရအောင် ရိပေါ် "
Parallel bar ထဲမှာ
ခြေထောက်တွေကို ဟန်ချက်ညီညီ လှုပ်ရှားဖို့ ကြိုးစားနေရင်း ရိပေါ်က ပြုံးပြီး
ခေါင်းညိမ့်ပြတယ် ။မျက်ဝန်းလေးတွေ လဲ့နေရောပဲ ။
" ဟိုးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ
သားအဖ နှစ်ယောက် နေထိုင်ကြတယ်တဲ့
သူတို့မှာ မြင်းမလေး တစ်ကောင်လဲ ရှိတယ်တဲ့
အဲ့ဒီမြင်းလေးက လိမ္မာသလို သူတို့ရေသယ်ရင်လဲ ကောင်းကောင်းအသုံးဝင်လို့ သားအဖ နှစ်ယောက်လုံးက သိပ်ချစ်ကြတယ်တဲ့လေ..."ခပ်ဖြည်းဖြည်း နဲ့ ခြေထောက်ကို အားယူမရင်း
ရိပေါ်က ပုံပြင်ကို ဆက်ပြောဖို့ ထောက်တယ် ။" တစ်နေ့တော့ အဲ့မြင်းမလေးက သူတို့ဆီကနေ ပျောက်သွားပြီး အနီးအနားမှာလဲ ရှာမတွေ့ခဲ့ကြလို့ တအား နှမြောခဲ့ရတယ် ဒါပေမဲ့ တစ်နေ့ကြတော့
အဲ့ဒီမြင်းမလေးက သူတို့ဆီကို ပြန်ရောက်လာခဲ့တယ်
ပြီးတော့ ဘေးမှာ သူရဲ့အဖော် မြင်းထီးတစ်ကောင်လဲ ပါလာခဲ့သတဲ့ မြင်းလေးပျောက်လို့ ဝမ်းနည်းနေရတာကနေ
နှစ်ကောင်တောင် ပြန်ရလာခဲ့လို့ အဲ့ဒီ သားအဖဟာ ကံကောင်းလိုက်တာလို့ ပြောမိကြတယ်တဲ့... ""...."
" ဒါပေမဲ့ တနေ့မှာ သားဖြစ်သူဟာ
အဲ့ဒီမြင်းထီးကို လေ့ကျင့်ပေးနေတုန်း
တောထဲက မြင်းရိုင်းပီပီ ကျောပေါ်က ခါချလိုက်လို့ အသက်မဆုံးပေမဲ့ ခြေထောက်ကျိုးသွားရှာတယ်တဲ့
အဖေဖြစ်တဲ့သူဟာ သားလေးအတွက် ကံဆိုးလိုက်တာ ကံဆိုးလိုက်တာ လို့ ရေရွတ်မိပါတယ်တဲ့...."ချွေးစတွေဆိုလာတဲ့ ရိပေါ်က သဘောကျဟန်နဲ့
ခေါင်းညိမ့်ပြီး ဆက်ပြောလို့ ခပ်တိုးတိုးဆိုတယ် ။" အဲ့လိုနဲ့ သူတို့တိုင်းပြည်မှာ စစ်တွေ ဖြစ်ကြပါလေရော စစ်သားအင်အား စုဆောင်းဖို့အတွက် ရွာတွေကိုဆင်းပြီး သန်မာတဲ့ယောကျာ်းပျိုတွေကို
မဖြစ်မနေ စစ်ထဲဝင်ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်တဲ့
သူတိုသားအဖအိမ်ရှေ့ကို စစ်သည်တွေ ရောက်လာခဲ့ပေမဲ့ ချိုင်းထောက်ကိုအားပြုပြီး
လမ်းလျှောက်နေရတဲ့ သားဖြစ်သူကိုတွေ့တော့
ဒုက္ခိတတွေကို ကင်းလွတ်ခွင့်ပေးတယ်ဆိုလို့
အဖေဖြစ်သူဟာစစ်ထဲလိုက်ပြီး သေတယ်ရှင်တယ် မသိတာထက် ခြေထောက်ကျိုးနေတာက အများကြီး ကံကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ပြန်ရောတဲ့..."
YOU ARE READING
I've got My Own Sunshine On A Cloudy Day
FanfictionOne Shot A love story between the sun and a unique sunflower..