(8)

4 0 0
                                    

ရနတစ်ယောက် အလုပ်ပြန်ဆင်းလို့ရတဲ့အချိန်ဘဲ ဆေးရုံကို ချက်ချင်းပြန်လာသည်။ကျွန်တော်သူ့ကို တကယ်တွေ့ချင်တယ်။

ွလွန်ခဲ့သော4နှစ်~~~

ကျွန်တော် သုတကို မသွားစေချင်ဘူး။ကျွန်တော်သူသွားရင် အသေလွမ်းနေမှာ။ကျွန်တော် တတ်နိုင်သလောက်တားခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော်တားတာ မထိရောက်ခဲ့တဲ့အပြင် ကျွန်တော့်ရဲ့ ရူးမိုက်မှုကြောင့် ကျွန်တော် သူနဲ့ပြတ်သွားခဲ့တယ်။

သူကျွန်တော့်ကို ထားသွားကတည်းက ကျွန်တော် ညတိုင်းငိုခဲ့ရတာ ကျွန်တော်အသိပါ။ကျွန်တော်သူ့ကို နေ့တိုင်းသတိရတယ်။

"ဂျူးဂျူး"

"ဟေး ရန ငါနင်တို့အကြောင်းကြားရတာ စိတ်တောင်မကောင်းဘူး"

"ငါသူ့ကို သတိရတယ်ဟာ ငါတကယ်သူ့ကို တားနိုင်မယ်လို့ထင်ပြီး ပြောခဲ့ရုံလေးပါ"

ရနခံစားနေရတာကို ဂျူးဂျူးလဲ ကြည့်ပြီး ခံစားမနိုင်။

"ငါသုတနဲ့ အဆက်အသွယ်ရှိတယ်ရန"

"ဟုတ်လား"

"အေ ဒီမှာ သူ့Ig Acc သူအသစ်ဖွင့်ထားတာ"

ရနတစ်ယောက် လွန်းသုတပုံတွေကြည့်ပြီး အရမ်းကိုကျေနပ်နေတော့သည်။

"သွားတာ တစ်ပါတ် ကျော်ဘဲရှိသေးပေမယ့် ငါသူ့ကိုတော်တော်သတိရနေတာ ဒီပုံကိုကြည့်ပါဦး သူပြုံးတာလေးကို ချစ်ဖို့ကောင်းနေရော"

"ရန ငါနင်နဲ့ ဆက်သွယ်ပေးရမလား"

"ဟအေး မလုပ်နဲ့ မလုပ်နဲ့ သူငါ့ကြောင့် အနှောင့်အယှက်ဖြစ်သွားမှာကို မလိုလားဘူး ငါနင့်ကိုလာပြောတာ ဘယ်တော့မှသူ့ကိုမပြောနဲ့ဟုတ်ပြီလား"

"အေးပါဟာ"

"အကယ်၍ဖုန်းတွေဘာတွေ ပြောဖြစ်ရင်လဲ သူဘာတွေပြောလဲဆိုတာ ငါ့ကို ပြောပြနော်"

"အေးစိတ်ချပြောမယ်"

အဲ့ကတည်းကစပြီး ဂျူးဂျူးက ကျွန်တော့်ကို သုတအကြောင်း ပြောပြလာတော့တာ။သုတကို ကျွန်တော်Followမလုပ်ထားပါဘူး ကျွန်တော် သူ့Accထဲဝင်ကြည့်ရုံလေးပါ။တစ်ရက်တစ်ရက် ဒီကောင်လေး ဘယ်တော့ ပုံတင်မလဲဆိုတာကို
မျှော်နေရတာ အမောပါဘဲ။ကျွန်တော်တော့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်မင်းသားတစ်လတ်ဖြစ်လာတယ်။

ဒါပေမယ့် ကျွန်တော်သူ့ကို နေ့တိုင်းသတိရနေတာနဲ့ ကျွန်တော့်အချစ်တွေကတော့မပြောင်းလဲပါဘူး။

"ဆရာ"

"ဟော ရန ဘာကိစ္စရှိလို့လဲ ခြေထောက်ကရောသက်သာပြီလား"

"ဟုတ်ကဲ့ သက်သာပါပြီခမျ ကျွန်တော် သုတကို တွေ့ချင်လို့ပါ"

"ဘယ်သူ?"

"လွန်းသုတလေ"

"အော်....သုတ ဟိုနေ့ကဘဲ သုတက အလုပ်မသင်တော့ဘူးရန"

"ဘာလို့လဲဗျ"

"မသိပါဘူး မင်းဆေးရုံလာပြီးတဲ့ နောက်တစ်ရက်မှာဘဲ သုတ နားချင်ပြီးဆိုလို့ မလာတော့တာ"

သုတက ငါ့ကိုရှောင်နေတာပါလား။အေးပါ ရှောင်ပါရအောင်ရှောင်ပါ။

"ဆရာ ကျွန်တော် သူ့ဖုန်းနံပါတ်များရနိုင်မလားခမျ"

"ရတာပေါ့"

ဆရာ ဦးမောင်ဝင်း စီက ဖုန်းယူပြီး ကျွန်တော်ပြုံးလိုက်မိသည်။

"ကျေးဇူးဘဲ ခွင့်ပြုပါဦးဆရာ"

"အေးအေး"

ရနတစ်ယောက်ဂျူးဂျူးကိုကြိမ်းတော့သည်။ဂျူးဂျူးငါ့ကို သုတ ဆေးရုံမှာ ရှိတာဘာလို့ငါ့ကိုမပြောတာလဲ။နင်နဲ့တွေ့ဦးမယ် ဂျူးဂျူး။

"ရော့ ဒေစီ အချိုရည်သောက်ဦး"

ဒေစီကိုဘဲ အချိုရည်ပေးတဲ့ ဂျူးဂျူးကို သုတတစ်ယောက် ကြောင်ကြည့်နေမိသည်။

"ဂျူးဂျူး အေး နင်ဒေစီကိုဘဲ ပေးတယ်ပေါ့လေ"

အမှန်တော့ ဂျူးဂျူး ဒေစီဘေးမှာထိုင်ပြီးနေပြီ
ကျွန်တော်ပြောမှ ထပြီးပြန်ဖြေတာ။

"ပေးမယ် ဘာဖြစ်နေလဲ"

"လေသံက မာလိုက်တာ"

ကျွန်တော်နဲ့ ဒေစီက ဒီနေ့ဂျူးဂျူးဆိုင်ကို  လာလည်တာပေါ့။လာတာကတော့ ကျွန်တော် အလုပ်တစ်ခုခု လုပ်ချင်လို့ပါဘဲ။အလုပ်ဆိုတာက ဒီတိုင်းအားနေတာတစ်ခုထဲကြောင့်ပါ။

"အေး သုတ နင်အလုပ် လုပ်ချင်နေတာ Vlogsတွေရိုက်ပါလား"

ဒေစီပြောတာကို အချိုရည်ယူလာတဲ့ ဂျူးဂျူးကပါ ထောက်ခံနေသည်။

"ဟာ Vlogsရိုက်တာ ဘာရလို့လဲ"

"ရတာပေါ့ဟ နင်တို့မိသားစုက ပိုက်ဆံရှိပြီးသားကို Youtubeမှာ နင့်Channelဖွင့်ပြီးSubscribeViewerတွေအများကြီးရရင်မုန့်ဖိုးတောင်ရသေးတယ်"

"ဟုတ်တယ် သုတ နင့်ရုပ်ရည်နဲ့ဆိုကောင်လေးတွေဝိုင်းနေမှာ"

"အဆန်းကြီးပါလား အေးမသိဘူး လုပ်ကြည့်တာပေါ့"

"အေ ထောက်ခံတယ်"

***********************************

Thanks for reading🖤

I Think He Know! Season(2)Where stories live. Discover now