[ Zawgyi ]
---------------!!! စာလေးနည်းနည်းရှည်ပါမယ် 😁 ကြိုပြောထားတာပါ … သည်းခံပြီးဖတ်ပေးကြပါနော် !!!
ဘာလိုလိုနဲ့ ချစ်သောကိုရေးတာ ၁ နှစ်ခွဲတောင်ကြာသွားခဲ့ပါတယ် ။ အဲ့လောက်ထိကြာလိမ့်မယ်မှန်း မထင်ထားရိုးအမှန်ပါ … စစရေးမယ်ဆိုတုန်းက အပိုင်းရေအများကြီးရေးဖူးတယ်ရှိအောင်ဆိုပြီး LGBT love အကုန်ပါတဲ့ ( ချစ်သော rainbow ) ကိုရေးဖြစ်ခဲ့တယ် ။ Fic title ကို ဘယ်လိုရည်ရွယ်ပြီးပေးခဲ့လဲဆိုတာ ခုတော့သဘောပေါက်သွားကြမယ်လို့ထင်တယ် 😊 moon ရဲ့အသိတွေကပြောကြတယ် gl မရေးဘူးလားတဲ့ ။ နဂိုထဲက moon က bl author ပါ … fujoshi တစ်ယောက်မို့လည်း bl ဘက်ကိုပဲပိုအားသန်တာပေါ့နော် ။ ဒါမဲ့အဲ့လိုတွေပြောကြတော့ gl ကိုပါဖန်တီးကြည့်ချင်လာတယ် … gl ထည့်ရေးမယ်လို့တွေးလိုက်တော့ transgender ကိုပါ ထပ်ထည့်ချင်ပြန်ကော ။ အဲ့လိုနဲ့နောက်ဆုံး LGBT ( Lesbian , Gay , Bi sexual , Transgender ) ဆိုပြီး moon မှာရှိသလောက်အသိဥာဏ်ဗဟုသုတလေးနဲ့ ရေးတတ်သလောက်ချရေးဖြစ်ခဲ့ပါတယ် ။
ဇာတ်ကောင်ကတအားများလွန်းလို့ moon အတွက် တော်တော်လေးအခက်တွေ့ခဲ့တယ် ။ ဇာတ်ကောင်တွေမရောအောင် တစ်ခန်းနဲ့တစ်ခန်းအချိတ်အဆက်မိအောင် မနည်းကြိုးစားပြီးရေးရတယ် ။ ကြားထဲမှာ စာရေးချင်စိတ်တွေပျောက်ပျောက်သွားလို့ update ကြာခဲ့တဲ့လတွေမှအများကြီးပါ ။ တစ်ခါတစ်လေ ၁ လလောက်ထိပျောက်သွားတတ်တာကို ချစ်သော update ပေးတာနဲ့ လိုက်ဖတ်ပေးတဲ့သူတိုင်းလိုလိုသိမှာပါ ။ ဒါကြောင့်လည်း အရမ်းအရမ်းကိုအားနာရပါတယ် 😣
update ကြာတတ်တဲ့သူမဖြစ်ချင်တဲ့ moon က ချစ်သောမှာအများကြီးစိတ်လျှော့ခဲ့ရတယ် ။ mood မဝင်လို့ဘယ်လိုမှဆက်ရေးမရခဲ့ဘူး … wp ထဲမဝင်ဖြစ်တော့တဲ့အထိပဲ ။ နေချင်သလိုနေတယ် … လုပ်ချင်တာတွေလုပ်တယ် … အဲ့လောက်ထိကိုယ့်စိတ်ကိုယ် အလိုလိုက်ခဲ့မိတယ် ။ update တွေလာတောင်းကြတဲ့အခါတိုင်း moon မှာအားနာရတယ် … မျက်နှာပူတာကလွဲပြီး တခြားဘာမှမတတ်နိုင်ခဲ့ဘူး ။ နောက်ဆုံးအားတင်းပြီး စာရေးတဲ့ဘက်ကို mood ပြန်သွင်းရတယ် … အဆင်ပြေတယ်ဆိုမှ တစ်ပိုင်းရေးပြီး update လိုက်တယ် ။ ဒါတောင်တစ်ခနတစ်လေ ရေးနေရင်း ဘာဆက်ရေးရမှန်းမသိတော့တွေလည်းရှိလို့ update တစ်ခါ up ပေးတိုင်း moon မှာခေါင်းတစ်ခုလုံး ပူထူကျန်ခဲ့ပြီး ခြေကုန်လက်ပမ်းကျသွားတဲ့အထိပါပဲ ။
ВЫ ЧИТАЕТЕ
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Подростковая литератураTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...