5

13.1K 2.1K 45
                                    

အပိုင်း ၅

(MoeSwae's Note: ဤဝတ္ထုသည် ၁၉၇၀နှင့်၁၉၉၀ ပတ်ဝန်းကျင်ကို အခြေခံထားခြင်းဖြစ်ပြီး ဇာတ်သဘင်များ၊ မြို့များနှင့် ကျောင်းများကို အတတ်နိုင်ဆုံး လေ့လာကာတင်ပြထားပါသည်။ ဇရပ်နှင့် သူဌေးကြီး၏နေအိမ်၊ ညောင်ပင်နှင့် တစ်ချို့အနေအထားများကတော့ ပြင်ပတွင်တကယ်မရှိပါကြောင်း ဦးစွာ ခွင့်ပန်လိုပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။)

လွန်လေခဲ့ပြီးသောရှစ်နှစ်.........

မုန်းချောင်းရေအလျင်ကတော့ တသွင်သွင်စီးနေ၏။ ထိုချောင်း၏ တစ်နေရာတွင် အရိပ်ရသောအပင်ကြီး၏အောက်ဘက်၌ ကလေးနှစ်ယောက်ကတော့ စျေးထဲမှရလာသော အသီးတစ်ချို့ကို ပုဆိုးအဟောင်းတစ်ထည်ပေါ်တင်ရင်း ဝေစုခွဲနေခဲ့ကြသည်။

" ဒါဘာသီးလဲ "

" သစ်တော်သီးထင်တယ် "

အညိုရောင် အမွှေးနုနုများဖြင့် လုံးဝန်းလှသော အသီးတစ်မျိုးက သူတို့မြင်ဖူးနေကြအသီးအနှံများထဲတွင် ပါဝင်မနေသောကြောင့် တွေးဆဆဖြင့်ဖြေလိုက်၏။

" လက်နဲ့စမ်းကြည့်လို့ မာမာလေးဖြစ်နေသေးရင် နောက်နေ့အတွက်ချန်ထားရအောင်၊ ပျော့တာတွေကိုတော့ ဒီနေ့အတွက် စားကြမယ်လေ "

" အင်းအင်း "

အသီးထုတ်ကို အပင်အောက်ချထားကာ နေညိုညိုအောက်က ရေပြင်မှာ ညီအစ်ကိုနှစ်ယောက်က ရေကူးရင်းရေချိုးခဲ့ကြသည်။ ရေချိုးရာကတက်လာတော့ ညနေကအတော်စောင်းနေခဲ့ပြီ။

သူတို့ညီအစ်ကိုနှစ်ယောက် ညဘက်အိပ်စက်နားနေရာ ဇရပ်ဆီရောက်တော့ ညခင်းရှစ်ချက်တီးလောက်ရှိရော့မည်။ ဇရပ်ဆီမယ်တော့ သူတို့အတွက်ထွန်းညှိစရာ ရေနံဆီမီးအိမ်တို့ ဖယောင်းတိုင်တို့ ရှိမနေပါလေ။

ငှက်ပျောသီးတစ်ယောက်တစ်လုံး စားပြီးသော်လည်း ဗိုက်မဝသေး၍ ထပ်စားရင်ကောင်းမလားတွေးမိသော်လည်း အလုပ်ပါးရာ ရာသီမို့ အတော်လေးအကြပ်ရိုက်နေပြန်၏။

" သွေး "

" ဗျာ "

" ဗိုက်မဝဘူးမလား "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now