မျက်နှာထက် တိုက်ခတ်လာသော လေအေးများက မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များနှင့် ပေါင်းစပ်သွားသည်။ လမ်းမီးတိုင်က မှိတ်တုတ်မှိတ်တုတ်။ ကားတစ်စီးနှင့် တစ်စီး နာရီပိုင်းခြားသည်။ ကားလမ်းမက မှောင်မဲမဲ။ ဖုန်းကို ဖွင့်ကြည့်တော့ မနက် ၃နာရီခွဲ။ ပလက်ဖောင်းထက်မှာ ဂစ်တာကလည်း နေရာယူထားသည်။ ဂစ်တာတီးမည်ဟု ဆုံးဖြတ်ချက်မချထားသော်လည်း သူယူလာမိသည်။
ဖြတ်သွားသော ကားတစ်စီးကို ငေးရင်း ပန်ပန့် စကားတို့ကို ခဏပြီးခဏ ပြန်ကြားယောင်မိပြန်ပါသည်။
"ပန် သိပါတယ်။ ကိုကြီး မငြင်းနဲ့ ကိုကို့ကို ချစ်နေတာမလား"
"ချစ်နေတယ်ဆိုရင် နင့်အစ်ကိုနဲ့ ငါ့ကို ပြန်တိုင်မှာလား"
ပန်ပန်က မျက်နှာလေးရှုံ့ကာ ပြုံးသည်။
"ဒါနဲ့နင် ဘယ်လိုသိတာလဲ"
"ကိုကိုသာ မရိပ်မိတာ..ကိုကြီးမာန်ပြည့် နဖူးမှာ ကျွန်တော် မင်းရဲရာဇာကို ချစ်နေပါတယ်လို့ ရေးထားတယ်"
မာန်ပြည့် သူ့နဖူးသူတောင် ပြန်စမ်းမိလိုက်သေးသည်။
"မိပန်..နင့်အစ်ကိုကို ဒီအကြောင်း ပြန်ပြောလို့ မဖြစ်ဘူးနော်..သူ..သူ ငါ့ကို ရွံ့သွားလိမ့်မယ်"
"ပန်တော့ မထင်ပါဘူး..ကိုကိုက ကိုကြီးကို ဒီလောက်ချစ်တာ..ချစ်ရင် သိအောင်ဖွင့်ပြောလေ"
မာန်ပြည့် ရယ်မိလိုက်သည်။ နာကျင်ခြင်း အနည်းငယ် ပါသွားသည်။
"သူငယ်ချင်းလို ညီအစ်ကိုလို သူက ငါ့ကို အချစ်ဆုံးနေမှာပေါ့"
"ကိုကြီးက တစ်သက်လုံး ဒီတိုင်းနေမှာလား"
"သူ ပြန်ချစ်ဖို့ထက် သူလိုအပ်နေတဲ့သူက ငါပဲ ဖြစ်နေချင်တာ..အခုလည်း သူ့ကို ငါပိုင်နေတာပဲလေ"
YOU ARE READING
အိမ်ပြေး , အိမျပွေး { Z + U } Complete
Teen FictionZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...