P art9

286 23 4
                                    

Unicode

တင်းတောင်
သမတ္တအိမ်တော်လောက်ရှိတဲ့ အိမ်ကြီးရဲ့ တံခါးကနေ ဂျင်းဝမ်းဆက်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်...
အဆက်မပြတ် bellကို နှိပ်လို့နေပါသည်

'အန်တီ သားပါ ကျန့်ကျန့်
ရိပေါ်ကော
အဆက်အသွယ်မရလို့ လိုက်လာတာ
ဖုန်းတွေပိတ်ထားတယ်
ရန်လည်းမဖြစ်ထားဘဲ
ဘာဖြစ်ဖြစ် ကျွန်တော်သူနဲ့တွေ့ချင်လို့ပါ'

ရိပေါ်မားက ဟိုကြည့်ဒီကြည့်လုပ်ပြီး တံခါးသွားဖွင့်ခိုင်းလိုက်သည်
'သား ကျန့် မားနဲ့စကားပြောရအောင်'
မား ဟုလား ကျွန်တော့်ဘဝမှာ ဘယ်သူကမှ မားလို့ပြောတာမကြားဖူးခဲ့ဘူး ကျွန်တော်ကမိဘမဲ့တစ်ယောက်မလား
'သား ဘာတွေတွေးနေတာလဲ မားပြောတာကြားလား'
'အသက်လတ်ပိုင်းအမျိုးသမီးက နွေးထွေးစွာပြုံးပြနေတယ် စိုးရိမ်စိတ်အနည်းငယ်သမ်းနေတဲ့ မျက်ဝန်းတွေနဲ့'

'မား ကျွန်တော့်ကို ရိပေါ်နဲ့သဘောတူပေးပါ
ကျွန်တော်က ရိပေါ်ကိုချစ်တယ်'
'မားတောင်ဘာမှမပြောရသေးဘူး သားရယ်'
'သား မားပြောတာနားထောင်'
'သား သူ့ကိုချစ်ရင်အရာရာစွန့်လွှတ်နိုင်လား '
'စွန့်လွှတ်နိုင်တယ် အရာရာ '
'သားတို့ ထွက်သွားပါ ကိုရီးယားကို မားအကုန်စီစဉ်ပေးမယ်'
'ဗျာ'
'သားဆိုင်ကို မားနဲ့အပ်ခဲ့ မားကလည်း အရင်တုန်းက ကိုရီးယားမှာ အချိန်ပိုင်းလုပ်ခဲ့တာပါနော်'
'မားရုတ်တရက်ထွက်သွားခိုင်းရတာ
မား သားလေးရိပေါ်ကို သနားလို့ပါ ယောက်ကျားတန်မဲ့ မိန်းမလိုဝတ်နေရတော့ မားစိတ်မကောင်းဘူး တစ်သက်လုံး လွတ်လပ်မှာမဟုဘူး သားနဲ့ဆို စိတ်ချတယ်'

'အခုအပြင်မထွက်တာက သူလှေကားပေါ်က တွန်းချခံရလို့ အိမ်မှာ တိတ်တဆိတ်ဆေးကုထားတယ် မား စုံစမ်းကြည့်တော့ ရိပေါ်ဓားထိုးခံရတဲ့ နေ့က ရန်ကျစ်ဆိုတဲ့ ကောင်မလေးနဲ့ ဝမ်လီဟွေ့ (ဦးကြီး) cctvကပေါ်လာတယ်

'ရန်ကျစ် ဟုလား အန်တီ တောက် ဒီမိန်းမ  ရိပေါ်ကို ယောက်ကျားလေးမှန်းသိသွားလို့ ....တောက်ကွာာာာ ခွေးချီးလိုမိန်းမ'
____
'ကောကော '
ကျန့် စကားပြောနေရင်းလှည့်ကြည့်တော့
ကောကော? ဒီနေ့ ဘယ်လိုတွေတောင် ကြက်သီးထစရာနာမ်စားတွေလည်း ..ဒီလူကိုအပျော်လွန်ပြီး နတ်ပြည်တက်အောင်လားး
'ကျွန်တော် သတိရလာပြီ အကုန်
ကျွန်တော့်ကို မားက မိဘမဲ့ဂေဟာမှာ ခဏဖွက်ထားတာရော ကောက ပေါက်စီ လာကျွေးတာရော
ကောနားတစ်ခြားကောင်မလေးကပ်ရင် ကျွန်တော်ကျိန်ဆဲတာတွေရော
ကောလက်ပတ်လေးပေးတာကော
ကော ကျွန်တော့်ကို ခိုးနမ်းတာရော
ကျန့်ကျန့်ရှက် ရှက်နဲ့ရိပေါ် ပါးစပ်ကိုပြေးပိတ်လိုက်သည်
ဒီဟာလေးကတော့ မားရှေ့မှာ
'အဟင့် အဟင့် '
'ဟာ ရိပေါ် မငိုပါနဲ့ကွာ ကိုယ့်က်ုကြည့်နော်
ကိုယ်နဲ့တူတူနေကြမယ်လေ ထွက်သွားရအောင် ဒီလိုတွေ ဝတ်စရာမလိုတော့ဘူး မားက ကိုရီးယားမှာ စီစဉ်ပေးမယ်တဲ့
မားက မထွက်တဲ့ မျက်ရည်တွေ ညှစ်ထုတ်နေတဲ့ သူ့သားအူပုတ်လေးရယ် ရှက်ပြုံးကြီးနဲ့ အူပုတ်လေးကိုဖက်ထားတဲ့ သူ့သမက်လောင်း ကျန့်ကျန့်က်ုကြည့်ပြီး
'မား ကိုမေ့နေကြပြီလားကွယ်'
'မားးး ရိပေါ်က ပြေးဖက်ရင်း ရိပေါ် မားကို ချစ်တယ်'
'မားလည်း အူပုတ်လေးကို ချစ်ပါတယ်ကွယ် သား ကျန့် လာ မားဆီ
မေတ္တာငတ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ရင်ခွင်ထဲကို မား သားလေးထည့်ပေးလိုက်ရင် မား သားလေးအချစ်ခံရမှာ မား မငြင်းရက်ပါဘူးကွယ်
'မား ပါးကရောဟင်'
သား ပါး အလုပ်ရှိလို့ ပြင်သစ်သွားတယ်
သား ပါးက မှာထားတယ် ယောက်ကျားယူပြီးရင် စိတ်ကောက်တာတွေ ဘာတွေနဲ့ အိမ်ပေါ်ကနေဆင်းလာရင် ဒါတွေပြန်ဝတ်ခိုင်းမယ်တဲ့'
ဟားးးဟားးး
'ကိုကို ဘာရယ်တာလဲ ရိပေါ်ကို လှောင်တာလား လူတစ်ယောက်က အကြောင်းပြချက်မရှိရယ်ရင် ရူးနေတာတဲ့ ကိုကိုက မရူးပဲ ဘာလို့ရယ်တာ အဲဒါ လှောင်တာပဲလေ'
လာပီ လာပီ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အူပုတ်အစိမ်းလုံး version နဲ့ ရန်ဖြစ်လိုက် သတ်လိုက်နဲ့ နှစ်ပါးသွားရတော့မယ်
ရပါတယ်လေ ကိုယ်က ချစ်တာပဲ
မင်းချစ်တာလည်းသိတယ်
ကိုယ်ကလည်း ချစ်တယ်
ဒီလောက်ဆို ကိုယ်တို့ ဘဝသစ်စလို့ရပြီမလား
'ကိုကို ဒါနဲ့ ကျိန်စာပြယ်သွားပြီလား'
'ဟင် မားနဲ့ဖက်လိုက်တယ်လေ'
'ဟင် ဟုတ်သားး'
မားရဲ့ မေတ္တာတွေကြောင့်လား
မင်းပြန်သတိရသွားလို့
ကိုယ့်ကွက်လပ်ကို ဒီမိသားစုလေး ဝင်ရောက်လာလို့လား
ကျွန်တော့်အတွေးနဲ့ပျော်နေစဥိ
ဘေးက်ုကြည့်တော့ ကျွန်တော့အစိမ်းလုံး
'ဂျိုကြည့်နဲ့ နှုတ်ခမ်းကိုထော်လန်နေပြီး သွားတွေပါစိထားတယ် ပြောလိုက်တာက ဘယ်မိန်းမမှ ထိဖို့ မကြိုးစားနဲ့တဲ့............

Green StoryWhere stories live. Discover now