Chapter 6

7.4K 835 33
                                    

Zawgyi

Xiao Zhan ဟာ နောက်တစ်ရက်မှာပဲ သူ့ဆီကို message ပို့လာတယ်။

'ဟယ်လို ကလေးရေ Xiao Zhan ပါ ကောင်းသောနေ့လေးဖြစ်ပါစေ'

နာရီပိုင်းလေးကြာလာတဲ့အခါ နောက်တစ်စောင်ဝင်လာပြန်တယ်။

'မနေ့က အက performance ကို ကြည့်လိုက်ရရင်သိပ်ကောင်းမှာပဲ Yibo ကတာ အရမ်းမိုက်နေမှာ'

အင်း ဟုတ်တယ်။ မိုက်တယ်။

နောက်ပိုင်း အချိန်ကြိုကြား ကြိုကြားလေးတွေမှာ မကြာခဏ ကို message ပို့တယ်။
သူတစ်ခုကိုမှ reply မလုပ်ခဲ့ပါဘူး။

ယုံကြည်လိုက်ဖို့ မရဲသေးတာမလို့။
နှလုံးသားကတော့ သစ္စာဖောက်ပါတယ်။ ဖုန်းစခရင်မ်ပေါ်မှာ သူ့နာမည်ကိုတွေ့တိုင်း နှလုံးသားလေးက လှပ်ခနဲ ခုန်တယ်။

'ဒီအပတ်အရမ်းပူမယ်ကြားတယ် ရေများများသောက်ဖို့မမေ့နဲ့နော်'

'လာမယ့်စနေနေ့ မြို့ထဲက Lego စတိုးမှာ ပွဲရှိတယ်လို့ကြားတယ်'

Yibo ကို အရုပ်တွေအကြောင်းပြောရင် စိတ်အားထက်သန်စွာနဲ့ ပြန်ပြောလာမှာလို့ တွေးနေတဲ့ပုံက အမြင်ကတ်စရာကောင်းပါတယ်။
ဒါကြောင့် ဒီအကြောင်းသူသိပြီးသားဆိုတာ မပြောပြတော့ဘူး။

'ငရုတ်ကြက်သားပေါင်း စားနေတယ် Yibo လုပ်ပေးခဲ့တာကို မစားလိုက်ရတာကိုနောင်တရတယ်'

သူတို့အတူရှိခဲ့တုန်းက Xiao Zhan ကိုချက်ကျွေးချင်တာကြောင့် အဲ့ဒီ ဟင်းကို သူချက်ဖို့ကြိုးစားဖူးတယ်။
'မင်းသား မင်းသမီးတွေချက်ပြတဲ့ channel က ဟာတွေလိုက်လုပ်ကြည့် အရမ်းလွယ်တယ်' ဆိုတဲ့ Cheng Xiao ရဲ့ အကြံပေးမှုနဲ့ လိုက်လုပ်ကြည့်မိတော့ သူတို့ပြောတဲ့အတိုင်း တသဝေမသိမ်းလိုက်လုပ်ခဲ့သော်ငြား ကြက်သားကြီးက မာမာကြီးနဲ့ အရသာလည်းမရှိ။
သိပ်တော့လည်း ကိစ္စမရှိခဲ့ပါဘူး။
အဲ့ဒီနေ့က Meeting မပြီးသေးလို့ဆိုပြီး Xiao Zhan လည်း မလာခဲ့ဘူး။

Xiao Zhan က ပြန်တောင်းပန်ခဲ့ပေမယ့် အမှတ်သည်းခြေကြီးတဲ့ Yibo ဟာ နောက်ဘယ်တော့မှ ဟင်းထပ်ချက်ဖို့ မကြိုးစားတော့ဘူး။

Xiao Zhan က မှတ်မိတာတောင် ထူးဆန်းနေပြီ။

'မိန်းမမရှိတော့တော့ ဟင်းချက်ကျွေးဖို့လူလိုနေပြီလား' ဆိုပြီး ပြန်ပြောပစ်ချင်ပေမယ့် မပြောပဲထားတာဟာ ပိုနာကျင်ရမယ်မှန်းသူသိတာမလို့ ဒီတိုင်းပဲ ထားပစ်လိုက်တယ်။

These Precious Few Hours (Translation)Where stories live. Discover now