19

11.8K 1.8K 116
                                    

"ဘယ်လိုဖြစ်တာလဲ အာကာ..နင့်ကားပေါ်မှာ ဟိုကောင်က ဘယ်လိုပါလာတာလဲ"

သံသာက အာကာ့ကို စိုးရိမ်တကြီးကြည့်သည်။ ကျောင်းထဲမှာ တစ်ယောက်တစ်ပေါက် ပြောနေကြသည့်အပြင် သူတို့သုံးယောက်ပုံက mailbox သို့ ချက်ချင်းတက်လာသည်။

"ရာဇာ ငါ့ကားပေါ်ပါလာတာ အဲ့ကောင်ကြောင့်လေ"

သံသာနားလည်သွားပါသည်။ သူ ဒီလောက်ထိ လုပ်ပေးထားတာတောင် သူ့သူငယ်ချင်းလေးက တတိယလူဖြစ်နေသေးသည်။

"နင် နောက်တစ်ကြိမ်ဖွင့်ပြောပြီ တွဲလိုက်တော့ အာကာ..အချိန်မဆွဲနဲ့..နင့်မှာ အချိန်သုံးလပဲ ရှိတာ"

အာကာက ခေါင်းခါသည်။ အသက်ကို ပြင်းပြင်း ရှိုက်ထုတ်လိုက်သည်။

"အဲ့နေ့ကလို ထပ်ဖြစ်မှာ ငါကြောက်နေတယ်။ အဲ့လို အကြည့်မျိုးသာ ထပ်ကြည့်ခံရရင် ငါရူးသွားလိမ့်မယ် သံသာ"

"ဒီတစ်ခါ မတူဘူးလေ..ပြောကြည့်လိုက်..ဒီသုံးလမှာ နင့်အပိုင်လုပ်ထားမှ ရမှာ အာကာ..မဟုတ်ရင် သုံးလပြီးရင် ဟိုက နင့်လို အမှိုက်တစ်စလို ပစ်ချသွားတော့မှာ"

သူ အဲ့လိုတော့ အဖြစ်မခံပါ။ သူ ရာဇာ့ကို ချစ်သည်။ မေးစေ့ထက်က မှဲ့လေးကအစ သူ့မှာ မြတ်မြတ်နိုးနိုး ချစ်ရသည်။ သူချစ်တဲ့ ရာဇာ့ကို အပိုင်ရမှ ဖြစ်မည်။ ဆင်းရဲတွင်းကနေ ရာဇာ့ကို သူခေါ်ထုတ်ချင်သည်။

"သံသာ..ဆေးကိစ္စကို ငါသိတယ်ဆိုတာ ရာဇာ သိလို့မဖြစ်ဘူးနော်"

"စိတ်ချစမ်းပါ..အခွင့်အရေးကို အရယူ အာကာ"

သံသာက အာ့ကာ လက်ဖဝါးတို့ကို ဆုပ်ကိုင်ပေးလာသည်။
တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းဆုံကာ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
-------------------------------------------
YUFL Mailbox မှာ မင်းရဲရာဇာဆိုသည့် နာမည်က ပလူပျံနေသည်။ ရဲမာန် shipper နဲ့ မင်းဉာဏ် shipper များက postများကို အပြိုင်တင်ထားကြသည်။ ဘယ်အချိန်က ခိုးရိုက်ထားမှန်း မသိသည့် ပုံများလည်း ပါသည်။

သူနဲ့ အာကာ့ပုံများ ပါသလို ၊ သူနဲ့ မာန်ပြည့် ပုံများလည်း ပါသည်။

"မင်းကတော့ စံပဲ ရာဇာရေ..Mailbox မှာ ယောကျာ်းနှစ်ယောက် ပေးစားခံနေရတယ်"

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Dove le storie prendono vita. Scoprilo ora