အပိုင်း(၁)

43 8 4
                                    

ချစ်​ခြင်​းအစ အကို့အပြုံး​နွေး​နွေးက.......။

ဒယ်​ဆန်းမြို့၏ အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံအတွင်း သားဖွားမီးယပ်​​ဆောင်တွင် အသံပလံများ ဆူညံ​​နေသည်။ ခိုက်ခိုက်တုန်​​အောင်ချမ်းသည့် ကိုရီးယား၏ ဒီဇင်​ဘာ​ဆောင်းအတွင်းကိုပင်​ ဆရာဝန်​များ ​ချွေးဒီးဒီးကျ​အောင် အလုပ်​ရှုပ်​​နေကြသည်​။

ဆရာဝန်​နှင်​လူနာအင်​အားမမျှ၍ လုပ်အားလာပေးသော ​ကျောင်းသားများပါမနေရ။ ဆေးတိုက်သူတိုက် ပိုးသတ်ဆေးပိုက်ဖြုတ်သူဖြုတ်နှင့် ကြုံရာတာဝန် တတ်​နိုင်​သ​လောက်​ထမ်းဆောင်​​နေကြသည်​။ တစ်​ကယ့်လုပ်ငန်းခွင်ရောက်​​နေသလိုမို့ ​ပျော်​​နေရသည်​ကလည်းတစ်​​ကြောင်း။​

"Sorryပါ က​လေးတို့ရယ်​ ဆေးရုံက ဒီ​နေ့မှ လူအရမ်းများနေတယ် အရင်​ကဒီ​လောက်​မများပါဘူး မနားရတာတစ်​ခုပဲ ဟား ဟား "

​ပျော်​​ပျော်​​နေတတ်​​သော ဆရာဝန်​ကြီးက ​ဘေးခုတင်​မှ လူနာတစ်​​ယောက်​ကို ​သွေး​ပေါင်​ချိန်​ရင်း စ​နောက်​သည်​။ ပေါ်လာတဲ့ ပါးချိုင့်လှလှကြီးတွေက ဆရာဝန်ဆိုသော အရှိန်အဝါထက် သူငယ်ချင်းပမာ ပိုမိုရင်းနှီးချင်စရာ။ မအားသည့်ကြားမှပင် ကျောင်းသားများ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်ရင်း ရီ​မောဖြစ်​ကြသည်​။

မြို့ပြနှင့် အလှမ်းဝေး​သော​ကြောင့် ပတ်​ဝန်းကျင်​နယ်​မြို့​လေးများ၏ အဓိကအားကိုးရာမှာ ဤ​ဆေးရုံသာ။ထို့​ကြောင့်လည်း လုပ်​အား​ပေးရန်​ ဒီ​ဆေးရုံကို အဓိက ​ထောက်​ခံခဲ့ခြင်းပင်။ မြန်မာလူမျိုးဖြစ်သည့်အပြင် RKမဟုတ်သော ကိုယ့်လိုလူတစ်​ယောက်က မည်မျှကြီးသည့် scholarရသည့်တိုင် တိုင်းတစ်ပါးနိုင်ငံရပ်ခြားတွင်တော့ အခက်အခဲကြုံတွေ့ရစမြဲ။ သင်​ယူနိုင်​စွမ်းနှင့် ကြိုးစားမှုတို့​ကြောင့်သာ စံပြကျောင်းသားဘွဲ့ကို ရယူနိုင်​ခဲ့ခြင်း။ ကိုယ့်ထောက်​ခံချက်​က အလကားမှမဟုတ်​တာ။

"Doctor ခွဲခန်းတစ်​ချက်​​လောက်​ အ​ရေး​ပေါ်​ကလေးကအချင်းပတ်​ပြီးမ​မွေးနိုင်​ဖြစ်​​နေတယ်​ လမ​စေ့တဲ့အပြင်​ မိခင်​ပါနှလုံး​ရောဂါရှိ​နေတယ်​ Doctor"

★ 𝓑𝓡𝓞  ★Where stories live. Discover now