| Dear Miss Librarian | [ ONE ] [ Unicode ]
Chaeyoung's POV
" Eyes blue like the Atlantic
And i'm going down like the titanic "
နားကြပ်တစ်စုံထဲမှာသီချင်းအေးအေးလေးတစ်ပုဒ်က ပျံ့လွင့်လျက် ။ အေးချမ်းတဲ့ရာသီဥတုကို အနွေးထည်ထူထူတစ်ထည်နဲ့ အံ့တုရင်း သူမသွားနေကျနေရာလေးဆီသို့....."
လမ်းမတစ်ခုပေါ်မှာတည်ရှိတဲ့ နှစ်ထပ်အဆောက်အအုံတစ်ခု ။ စာကြည့်တိုက်နဲ့ Cafe သေးသေးလေးတွဲဖွင့်ထားတာဖြစ်ပြီး ဆိတ်ငြိမ်တဲ့ရပ်ကွက်လေးမှာဖြစ်သည် ။ သူမဒီကိုလာရတာကိုသဘောကျသည် ။ စာဖတ်ရတာကို သဘောကျတာကြောင့်ကော Coffee ပူပူခါးခါးလေးကိုသောက်ရတာကို နှစ်သက်တာကောကြောင့်ပင် ။
ဒါကတော့ သူများတွေမေးရင်ဖြေမယ့်အဖြေမျိုးဖြစ်လိမ့်မည် ။ သူမဒီကိုနေ့တိုင်းနီးပါးလာရတဲ့အကြောင်းအရင်းအမှန်ဟာ ဘာလဲဆိုတာကို သူမကိုယ်တိုင်သာသိလိမ့်မည်။
စာကြည့်တိုက်ရှေ့မှာရပ်နေတုန်း မြောက်လေအေးတစ်ချက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားတာမို့ အထဲဝင်ဖို့ပြင်လိုက်တော့သည် ။
စာကြည့်တိုက်ထဲကိုခြေချလိုက်တာနဲ့ ခန္ဓာကိုယ်သာမက ရင်ထဲမှာပါနွေးကနဲ။ အပေါ်ဝတ်အကျီကို ချွတ်ကာ ချိတ်မှာချိတ်နေတုန်း မျက်ဝန်းတွေကတစ်စုံတစ်ခုကို ဝေ့ဝိုက်ရှာနေမိသည် ။
နောက်ဆုံးမှာတော့ ကျေနပ်ပျော်ရွှင်မှုတွေကို ပြုံးလိုက်ရင်ပေါ်လာတဲ့ ပါးချိုင့်လေးက ဖော်ပြပေးနေသည် ။ စာအုပ်စင်တွေကြားထဲမှာ စာအုပ်တွေကိုနေရာတစ်ကျ စနစ်တကျစီနေတဲ့ ကောင်မလေးတစ်ယောက် ။ Sweater လက်ရှည်အဖြူရောင်လေးနဲ့ စကတ်အနက်ရောင်တို့ကို လိုက်ဖက်စွာဝင်ဆင်ထားသည် ။
ခပ်အေးအေးမျက်နှာထားမျိုးဖြစ်ပေမယ့် နူးညံ့လှတဲ့ ဆံပင်ရွှေအိုရောင်နဲ့ကောင်မလေးဟာ Son Chaeyoung ထိုနေရာကိုအမြဲသွားနေရတဲ့ အကြောင်းအရင်းပင် ။
" Espresso တစ်ခွက်ပေးပါ "
" ပုံမှန်အတိုင်း ခါးခါးလေးလိုချင်တာလား "
" ဟုတ်ကဲ့ အဲလိုလေးဘဲလုပ်ပေးပါ "
ဒါကတော့ သူမစာမဖတ်ခင်အမြဲလုပ်တတ်တဲ့အရာတစ်ခု ။ ကော်ဖီခါးခါးသောက်ရတာကို သဘောကျရတဲ့သူမဟာ ဒီ Cafe ဆိုင်လေးရဲ့အမြဲတမ်းCustomer ဖြစ်နေလေရဲ့ ။
YOU ARE READING
| Dear Miss Librarian | | Michaeng |
Fanfictionရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung