Unicode
ဆောင်းရာသီမနက်ခင်းရဲ့ အအေးဓာတ်ကြောင့် လွန်း အိပ်ယာနိုးလာခဲ့သည်။အရင်ရက်တွေကဆို စောင်ကိုခေါင်းထိခြုံပြီး ပြန်ကွေးပေမဲ့ ဒီနေ့တော့ ကျောင်းအပ်ရမှာ ဖြစ်တာကြောင့် လွန်း ပြန်မအိပ်တော့ပဲ အိပ်ယာထလိုက်သည်။မျက်နှာသစ်၊ရေမိုးချိုး၊ပြင်ဆင်ပြီးတာနဲ့ လွန်းအောက်ထပ်သို့ဆင်းလာပြီး ထမင်းစားခန်းထဲ ဝင်လာလိုက်သည်။
"မောနင်း မေကြီး. . ."
"သားတောင်နိုးလာပြီးလား. . .မေကြီးလည်းအခုပဲလာနှိုးမို့. . ."
"လွန်းက အကုန်တောင်ပြင်ဆင်ပြီးသွားပြီ. . ."
"ဟုတ်ပါပြီရှင် . . . မေကြီးရဲ့ သားလေးက ကျောင်းသွားအပ်ရမယ်ဆိုပြီး ဝီရိယတွေရှိနေတာပေါ့. . ."
"ဝီရိယ ရှိမှတော်ကာကျမှာမေကြီးရေ လွန်းတို့ ပထမနှစ်ကျောင်းသားတွေက အရမ်းများတော့ စောစောရောက်နေမှ အဆင်ပြေမှာတဲ့ မေကြီးရဲ့ . . ."
"အဲဒါကြောင့် မေကြီး ကျောင်းလိုက်အပ်ပေးမယ်လေ . ."
"ရပါတယ် မေကြီးရဲ့ သားတစ်ယောက်တည်းမှမဟုတ်တာ သုခရယ် သုတရယ် မြတ်နိုးလည်း ပါတာကို သားကိုစိတ်မပူပါနဲ့နော်. . ."
"သားမိနှစ်ယောက်ဘာတွေပြောနေကျတာလဲ. . ."
"သားကို ကျောင်းလိုက်အပ်မို့ပြောနေတာဖေကြီးရေ. . ."
"အဲဒါတော့ ဟုတ်တယ်သားရေ ဖေကြီးနဲ့ မေကြီး လိုက်အပ်ပေးမယ်လေ . . ."
"ဖေကြီး နဲ့ မေကြီး လွန်းကိုစိတ်ပူမှန်း လွန်းသိပါတယ် လွန်းကိုစိတ်ချပါနော် ဟိုသုံးယောက်လည်း ပါလို့လွန်းကိုစိတ်မပူပါနဲ့ နော် နော် လို့ဖေကြီးနဲ့ မေကြီး. . ."
"ကဲပါ ကလေး သဘောတိုင်းသာ ကလေးကိုလုပ်ခွင့်ပေးလိုက်ပါအေ . . ."
" အဲဒါဆိုလည်း သားသဘောအတိုင်းပါပဲ . . ."
"အဟီး အဲဒါကြောင့် ဖေကြီးနဲ့မေကြီးကိုရော ကြီးမေကိုရောချစ်နေရတာ. . ."
"ဖေကြီး လိုက်ပို့ပေးရမလား သား. . ."
"ရတယ် ဖေကြီး သားကို အမြွှာ နှစ်ယောက်နဲ့ မြတ်နိုး လာခေါ်မှာ . . ."