မျက်နှာပေါ်ကျရောက်လာတဲ့ အလင်းစူးစူးကြောင့်
အိပ်ယာ ပေါ်က ချက်ချင်းထကာ ရေချိူးပြီး
ကျောင်းသွားဖို့အတွက်ပြင်ဆင် မိ၏။
တစ်ညလုံးမအိပ်ဘဲမနက်မိုးလင်းမှအိပ်တာကြောင့်
ခေါင်းက မကြည်။ရင်ထဲကလဲ မအီမသာ ဖြစ်နေ၏။
စားပွဲပေါ်တွင်ထင်တားတဲ့ ပေါင်မုန့်ထုတ်ကိုယူကာ
ကျောင်းသို့သာ ထွက်လာမိ၏။
ဘက်စကားပေါ်ရောက်တော့ လူက မအီမသာဖြစ်နေမှုကြောင့် အန်ချင်မိ၏။သို့သော် အန်လို့မဖြစ်။
မနည်းတင်းခံပြီးကျောင်းအရှေ့တွင်အန်ချမိ၏။
သို့သော်မိန်းကလေးတစ်ယောက်၏ အရှေ့တွင်အန်မိခြင်း။
သေစမ်း ကင်မ်ထယ်ယောင်းရယ် လုပ်လိုက်ရင်စောက်တစ်လွဲ
Tae -တောင်းပန်ပါတယ်အမ ကျွန်တော် မမြင်လိုက်လို့
ထိုမိန်းကလေးအားမော့ကြည့်ပြီး တောင်းပန်လိုက်၏။
အောက်နူတ်ခမ်းကိုတင်းတင်းကိုက်ထားကာ ဒေါသထွက်နေ၏။
Yuna -ကျစ် ရွံစရာကောင်းလိုက်တာ ။ ပေါက်လို့ပဲစား။လာမတောင်းပန်နဲ့ ။ကျစ် မနက်စောစောစီးစီးကျက်သရေမရှိဘူး
Tae -ဟိုကျွန်တော် တကယ်တောင်းပန် ....
"ဖြန်း" ရုတ်တရက် မျက်နှာပေါ်ကျရောက်လာတဲ့လက်ကြောင့် လူကပူထူသွား၏။
လူမြင်ကွင်းဖြစ်တဲ့အပြင် ကျောင်းရှေ့ဖြစ်တာကြောင့် လူတွေက ကွက်ကြည့်ကွက်ကြည့်
"ဘာဖြစ်နေကြတာလဲ"
ထိုမိန်းကလေးအားစိုက်ကြည့်နေစဉ် လူတစ်ယောက်ရဲ့အသံကြောင့်ထို့လူ့အားကြည့်နေမိ၏
အရပ်အမောင်း က သူ့ထက်ရှည်သယောင်ရှိပြီး
Bodyမှာ ယောင်္ကျားလေး ပီသစွာ။ ချောမောနေသော
မျက်နှာ နဲ့အတူ နူတ်ခမ်းအောက်တွင် မှဲ့နက်လေးက နေရာယူထား၏။
ထိုလူကို မြင်လိုက်ရစဉ် ရင်ထဲက အကောင်ပေါက်ကကနာမငြိမ်။