Zawgyi
G.O.R.G.E.O.U.S 💋🍂 [PART-11]
တစ်လကြာပြီးနောက်
ဒီတစ်လအတွင်း
chanyeolပုံစံခွက်အတိုင်း
baekhyunလိုက်နာခဲ့တာ
ငြင်းဆန်ခြင်းလည်းမလုပ်ခဲ့...
Baekhyunကမုန်းတဲ့စကားကိုဆိုခဲ့ပေမယ့်
အချစ်ဦးဖြစ်တဲ့chanyeolကို
ဘယ်လောက်ထိချစ်လဲသူသာအသိ...papaနဲ့လည်းအဆက်အသွယ်
ဖြတ်ထားသလို သူငယ်ချင်းတွေနဲ့
တွေဖို့နေနေသာသာ
ခြံထဲတောင် ဆင်းခွင့်မရခဲ့ဘူး
အမြဲတမ်း ကိုယ့်နားမှာရှိနေပေးတဲ့သူက
ကိုယ်ကသူ့အပိုင်ဖြစ်သွားတဲ့နေ့ကစပြီး
တစ်ပတ်တစ်ခါ
ရက်ရှည်ခရီးထွက်နေတတ်သည်လေမနက်စာကိုတိတ်ဆိတ်စွာစားနေကြပေမဲ့
chanyeolကို ခဏ ခဏ ကြည့်နေတဲ့
baekhyunပုံစံအရ ပြောစရာရှိနေတယ်
ဆိုတာကိုတော့Chanyeolသိပါသည်။Chanyeol ကြက်ဥကြော်ကိုလှီးနေရင်းမှ
*ပြောစရာရှိနေတာလား?*
ပေါင်မုန့်ကိုပါးစပ်ထဲသွင်းခါနီး
မေးလိုက်တာကြောင့် မုန့်ကိုပြန်ချရင်း
baekhyunသက်ပြင်းတစ်ချက်ခိုးချလိုက်မိသည်။*ကျွန်တော်သင်တန်းတွေပြန်တက်ချင်တယ်
ပီးရင်papaလုပ်ငန်းမှာဦးစီးမှာမို့လို့*မထီမဲ့မြင်ပုံစံနဲ့နှုတ်ခမ်းတွန့်ကွေးရုံ
ပြုံးနေတဲ့chanyeolပုံစံကိုတော့
baekhyunနားမလည်နိုင်..
chanyeolမျက်လုံးချင်းဆုံကြည့်လာသဖြင့်
baekhyunမုန့် သာငုံ့စားနေလိုက်မိသည်။*ဟက်! ဘယ်လုပ်ငန်းကိုပြောနေတာလဲ
အခုချိန် မင်းpapaမှာပိုင်တာဆိုလို့
မင်းနေခဲ့ဖူးတဲ့ အိမ်အစုတ်ပဲရှိတော့တဲ့ဟာ**ဘာ..ဘာကိုပြောတာလဲ?*
baekhyunတကယ်ကိုနားမလည်တဲ့
မျက်လုံးတွေနဲ့ပြန်ကြည့်မိခဲ့သည်။
အိမ်အဟောင်းဆိုတာက
ခလေးဘဝတုန်းက
နေခဲ့ဖူးတဲ့အိမ်ကို သူဆိုလိုတာလား
ဒါပေမဲ့ အခုချိန်မှာ
papaပိုင်ဆိုင်ထားတဲ့ အရာတွေက
ဒီလောက်အချိန်တိုတွင်းမှာ
ပျောက်ပျက်သွားနိုင်စရာမရှိchanyeolကတော့
အစားပင်မပျက် မျက်နှာမှာတော့
ကျေနပ်နေတဲ့အမူအရာတွေက
အထင်းသား....
ကော်ဖီတခွက်မော့ရင်း
chanyeolစားခြင်းကို
အဆုံးသတ်လိုက်ပေမဲ့
baekhyunကတော့ ကြောင်အအနဲ့
မနက်စာကိုကောင်းကောင်းမစားဖြစ်
YOU ARE READING
G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]
FanfictionZawgyi Park Chanyeol အဲ့မျက်နှာလေးကသာသူနဲ့ မတူခဲ့ရင်..... Byun Baekhyun အဖေ့အမှားအတွက် ကျွန်တော်ကဓားစာခံလား..... လက်ထပ်ပီးခါစချစ်သူနှစ်ဦး ခရီးထွက်ရင်း အပြိုင်ကုမ္ပဏီရဲ့မနာလိုမှုကြောင့်လုပ်ကြံခံရသောအခါ..... ချစ်ရသူကိုကိုယ့်ရှေ့ မှာပ...