ခြောက်ကပ်ကပ်။
အရာအားလုံးကခြောက်ကပ်ကပ်။
ဘဝကြီးက ခြောက်ကပ်ကပ်။လူတွေက သူစီကိုယ်စီသွားလာနေကြတယ်။ကားတွေကလည်း တရွေ့ရွေ့။ငါကတော့ ဒီမှာ ရပ်လို့။မင်းအလာကို စောက်ရူးတစ်ကောင်လိုထိုင်စောင့်ရပ်စောင့်။လာမှာမဟုတ်မှန်းသိတယ်။ဒါပေမယ့် မျှော်လင့်ချက်သေးသေးလေးကလည်း မျှော်လင့်ချက်ပဲ။
တစ်နာရီလောက် နေရာတစ်ခုမှာ ပေတေပြီး ရပ်နေတယ်။လူသေတစ်ကောင်လို။တကယ်လည်း အသက်မဲ့နေတဲ့ လူသေတစ်ကောင်ပဲ။
ဖြတ်သွားဖြတ်လာတွေက ကွက်ကြည့်ကွက်ကြည့်လုပ်တယ်။ဘာအရေးလဲ အဲ့လိုအကြည့်ခံရလည်း မင်းရောက်လာမှာမှ မဟုတ်တာ။
ခြေလှမ်းတွေကို စတင်လှမ်းတယ်။မနီးမဝေးက ဘားဆီကို။
တစ်လှမ်း.....
နှစ်လှမ်း.....ခြေလှမ်းတစ်လှမ်းပြီးတိုင်း မင်းအကြောင်းကို တစ်ခါစဉ်းစားတယ်။
အချိန်က ညခြောက်နာရီ လေးဆယ့်ရှစ်မိနစ်။ဘားထဲကို ဝင်တယ်။ထိုင်နေကျနေရာမှာ ထိုင်တယ်။
မင်းနဲ့ငါ ငါနဲ့မင်း ဇာတ်လမ်းက ဒီနေရာမှာစပြီး ဒီနေရာမှာပဲ အဆုံးသတ်တယ်။မှာခဲ့တဲ့ အမြည်းတွေပြောင်းတယ်။မင်းနဲ့ငါက မပြောင်းမလဲ။
ဒီဘားကို လာလွန်းလို့ စားပွဲထိုးကောင်လေးကတောင် မှတ်မိနေပြီ။မှာစရာမလိုပဲ ဗော့ခ်ကာတစ်ပုလင်းချလာပေးတယ်။ပြာခွက်နဲ့ သောက်နေကျ ဆေးလိပ်ကလည်း သူသယ်လာတဲ့ ဗန်းထဲမှာ အဆင်သင့်။
ထပ်ချပေးဖို့ ပြင်လာတဲ့ စပရိုက်ဗူးကို လက်နဲ့တားလိုက်တယ်။ဒီနေ့တော့ ငါဟာ ရုရှားလူမျိုး။သုံးရာခြောက်ဆယ့်ငါးရက်ပြည့်တဲ့နေ့မှာ ငါဟာ ရုရှားလူမျိုးလုပ်မယ်ဆို ဆုံးဖြတ်ထားတယ်။
စားပွဲထိုးကောင်လေးက ထွက်သွားတယ်။ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်တယ်။ဘားကလည်း ခြောက်ကပ်ကပ်။မိန်းကလေးတစ်ယောက် ဝင်လာတယ်။
အိုး...မင်းနဲ့ သိပ်တူတာပဲ။ရင်ထဲ ထိတ်ခနဲဖြစ်သွားတယ်။မင်းရောက်လာတာလားလို့။ဒါက မျှော်လင့်ချက်ပဲ။ပြီးမှ ရိုက်ချိုးခံရတာက ရိုက်ချိုးခံရတာတစ်ကဏ္ဍ။အောင့်သက်သက်ခံစားချက်ပဲ။အသားကျနေပြီးသား ခံစားချက်။
YOU ARE READING
𝚕'𝚎𝚜𝚙𝚘𝚒𝚛
Fanfictionမျှော်လင့်ချက်ကို နင်းချေပစ်ထားတဲ့အကြောင်းကို ပေါစာရေးတဲ့ကောင်က ရေးထားတာ