23

12.7K 1.8K 75
                                    

လှိုင်းလုံးများက တဝုန်းဝုန်း ရိုက်ခတ်နေသည်။ နေမင်းကြီးက တစ်နေ့တာ ပင်ပန်းမှုတို့ကို ဖြေလျော့ အနားယူ အိပ်တန်းတက်ရန် ပင်လယ်ရေပြင်ထဲ တဖြည်းဖြည်း လှည့်ဆင်းလို့နေသည်။

နေမင်းကြီးရဲ့ အိမ်ပြန်ချိန်မှာရော ကြိုဆိုနေသူ ရှိလို့နေမလား။ သူရဲ့ အိမ်ပြန်ချိန်တိုင်းမှာတော့ ကြိုဆိုသူ မဲ့သည်။ သူကိုယ်တိုင် အိမ်တံခါးသော့ဖွင့်ဝင်ရသည့် အိမ်ပြန်ချိန်များကို မုန်းသည်။

တစ်ခုလိုချင် တစ်ခုဆုံးရှုံးရမည့် နိယာမမှာ သူက ငွေကြေးကြွယ်ဝချမ်းသာမှုကို ရရှိပြီး မေတ္တာတရားတွေကိုတော့ ဆုံးရှုံးခဲ့ရပြီ ထင်သည်။ ဆုတောင်းပဲ မှားခဲ့လေသလား။

သူလိုချင်တာ ချစ်ခြင်းမေတ္တာလေး တစ်ခုပါပဲ။

ရုတ်တရက်ဆန်တဲ့ အပြုံးတစ်ခုကို သူစွဲလမ်းခဲ့ရုံလေးပါ။ မေးစေ့ထက်က မှဲ့လေးတစ်ခုကို သူ ရူးသွပ်ခဲ့ရုံလေးပါ။ သူ ဘာများ မှားမိလို့လဲ။ ပိုင်ဆိုင်ဖို့ ကြိုးစားမိတာက အမှားလား။
လိုချင်တာကို ပိုင်ဆိုင်ဖို့ ကြိုးစားနိုင်တဲ့ သူကမှ လူဖြစ်ရကျိုးနပ်မှာ ဆိုတဲ့ အဖိုးပြောပြခဲ့တဲ့ ဆုံးမစကားတွေကပဲ မှားယွင်းနေတာလား။

ရာဇာလိုအပ်တဲ့ ငွေကြေး သူ့မှာ ရှိသည်။
သူလိုအပ်တဲ့ ချစ်ခြင်းမေတ္တာကို ရာဇာက ဘာကြောင့် ပြန်မပေးနိုင်တာလဲ။

ယမန်နေ့က ဇာတ်လမ်းတစ်ခုက ပင်လယ်လေပြင်များနှင့် အတူ သူ့အတွေးထဲ တစ်စတစ်စ ပြန်ဝင်ရောက်လို့ လာပြန်သည်။

"ဟယ်လို..ရာဇာ ကျွန်တော် နေမကောင်းလို့ အိမ်လာခဲ့ပေးပါလား"

ဘီယာဘူးကို တစ်ချက်မော့ကာ သူ မုသားစကား များဆိုလိုက်သည်။ သူပြောသမျှကို အမြဲ ငြင်းဆန်တတ်သည့် ရာဇာက ဒီတစ်ကြိမ်မှာလည်း အကြောင်းပြချက် ပေးလာသည်။

"ဆေးခန်းသွားလိုက်လေ အာကာ..ငါ စာသင်နေလို့ ပြီးမှ ပြန်ခေါ်လိုက်မယ်"

ကျောင်းသားတွေရှေ့မှာ သူပုံရိပ်အပျက်မခံတဲ့ ဆရာလေးက ဖုန်းကို တိကနဲ ချသွားသည်။
စာသင်ပြီးတဲ့ အချိန်ထိစောင့်ကာ သူဖုန်းပြန်ခေါ်လိုက်သည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Opowieści tętniące życiem. Odkryj je teraz