Part 1

5.1K 437 26
                                    

Unicode

ပေါင်လယ်လောက်ထိကို ရှည်နေတဲ့ ကုတ်အင်္ကျီနီနီလေးရဲ့ အိတ်ထောင်နှစ်ခုတည်း လက်နှစ်ဖက်လုံးထည့်ကာ နီညိုညိုအရွက်တွေ လွှမ်းနေတဲ့ လမ်းရှည်တစ်ခုကို ဖြတ်ကျော်လျှောက်လာခဲ့မိတယ်။ ဒီလမ်းလေးပေါ်က ဖန်တရာထပ်နေပြီဖြစ်တဲ့ ခြေရာတွေပေါ်ကို အားသွန်ခွန်စိုက်နင်းရင်း နောက်ထပ်ခြေရာတစ်ခုကို ထပ်မံဖန်တီးမိပြန်တယ်။ တူညီသော်လည်း ကွဲပြားနေတဲ့ ခြေလှမ်းတွေကို ငုံ့ကာရေတွက်နေရင်း မြင်ကွင်းထဲက အနက်ရောင်ရှူးဖိနပ်လေးအစား အဖြူအမည်းစပ် sneaker လေးက နေရာယူလာလေတယ်။ ထိုခြေလှမ်းတွေက ပျင်းတွဲတွဲနိုင်နေတဲ့အခါ ပြုံးမိရပြီး အတွေးတွေမှာ ထင်ဟပ်လာတာက မနက်စောစော အိပ်ရေးမဝသေးတာကို ကျောင်းသွားရမည်မို့ မိခင်က အတင်းနှိုးလို့ မနည်းထလာရသလို မျက်လုံးတွေမပွင့်သေးတဲ့ ကောင်လေးတစ်ယောက်။

မနိုင်တော့တဲ့ မျက်ခွံတွေက ဒီနေ့မှာမှ အင်မတန်ကို လေးလံလွန်းနေတယ်လို့ ခံစားမိတယ်။ မနေ့ညက သချာၤပုစ္ဆာတစ်ပုဒ်ရဲ့ ဒုက္ခပေးမှုက သူ့အိပ်ချိန်တွေကို ဖျက်ဆီးလိုက်တာပါပဲ။ ပျင်းတိပျင်းရွဲခြေလှမ်းတွေကို စုံရပ်ပစ်လိုက်တယ်။ ပါးနှစ်ဖက်ကို လက်ဝါးနဲ့ တဖျတ်ဖျတ်ရိုက်လိုက်ပြီးမှ မျက်လုံးတွေကို ဖွင့်ယူရတော့တယ်။ ကျောင်းရောက်ဖို့က ဘယ်လောက်မှမလိုတော့ဘူး။ အသိစိတ်ကပ်ပြီဆိုမှ လွယ်အိတ်ပါမပါက စမ်းရသေးတယ်။ အချိန်စာရင်းက ညကတည်းက ကြိုထည့်တတ်တဲ့ အကျင့်ရှိတော့ စိတ်မပူရဘူး။ ပုခုံးပေါ်က လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်လိုက်ပြီး မျက်လုံးတွေကိုပြူးကာ ခြေလှမ်းတွေကို သွက်ရပြီ။ မဟုတ်ရင် သူ လမ်းလျှောက်ရင်း အိပ်ပျော်သွားတော့မယ်။ ရောက်ဖို့သိပ်မလိုတော့ဘူးဆိုတော့ ပြေးသွားလိုက်ရမလား။ ဒါဆို သူ့အိပ်ချင်စိတ်တွေ ပျောက်သွားလိမ့်မယ်။ အမှန်တကယ်လည်း သူ့ ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တော့တယ်။

ရုတ်တရက်ကြီး ထပြေးနေတဲ့ သူ့ကြောင့် အေးအေးလူလူ လျှောက်လာနေကြတဲ့ ကျောင်းသူကျောင်းသားတွေက ကြောင်ကုန်ကြတော့တယ်။ နောက်ကျနေတာများလားဖြစ်ကာ လက်ကနာရီကို ငုံ့ကြည့်ကုန်ကြပြီး သူတို့ပါ လိုက်ပြေးရနိုးနိုးဖြစ်ကုန်ကြတယ်။ ကျောင်းတက်ဖို့က အစောကြီးလိုပါသေးတယ်။

Us (Completed)Where stories live. Discover now