Zawgyi
ဟာဝိုင်ယီတဲ့ ဒီနေရာလေးကိုအတူတူလာမယ်လို့ အစ်ကိုပြောထားခဲ့တာလေ အခုမှအစ်ကို့ကိုညီခေါ်လာနိုင်ခဲ့လို့တောင်းပန်ပါတယ် ဒီကိုလာဖို့ငွေစုရသေးတာမို့ပါအစ်ကို ဒီနေရာလေးမှာပျော်နိုင်ပါစေ ညီလဲအခုပဲအစ်ကို့နောက်လိုက်ခဲ့တော့မှာမို့ ဆုံဆည်းနိုင်ပြီမလား....
"ဟာ ဟေ့ ဘာလုပ်တာလဲ ဒီကပြုတ်ကျရင် သေမယ်ဆိုတာမင်းမသိဘူးလား"
"ခင်ဗျားကဘယ်သူမို့ ကျွန်တော့်ကိုတားရတာလဲ"
"မိုက်ရူးရဲမဆန်စမ်းပါနဲ့ အခုမှဘယ်အရွယ်ရှိသေးလို့လဲ"
"အရာအားလုံးအနားမှာမရှိပဲ ကျွန်တော်ကဘယ်အရွယ်ထိအသက်ဆက်ရှင်သင့်လဲခင်ဗျားပြောကြည့်လေ"
ကျောင်းပိတ်ရက်အပန်းဖြေဖို့ သူငယ်ချင်းတွေနဲ့ဟာဝိုင်ယီသွားကြမယ်ဆိုပြီး ထွက်လာခဲ့ကြပေမယ့် ပင်ပန်းတယ်ဆိုကာရောက်တာနဲ့ထိုးအိပ်ကြတဲ့သူတွေကိုထားခဲ့၍ စုန်ကျိရန်တစ်ယောက် ဟာဝိုင်ယီရဲ့အလှအပတွေကြည့်နေရင်း မျက်ဝန်းတစ်နေရာက အဖြူရောင်အရိပ်လေးကြောင့်အနားသွားကြည့်မိလိုက်သည်။
ကျောက်ဆောင်တစ်ခုပေါ်ထိုင်ပြီး မြေအိုးတစ်လုံးထဲကပြာတွေကိုပင်လယ်ထဲမျှောနေတာမို့ ဒီအထိတောင်လာမျှောပေးတဲ့သူက သူ့ဘဝရဲ့တန်ဖိုးထားရသူဖြစ်မယ်လို့တွေးနေတုန်း အဖြူရောင်အရိပ်လေးဟာ မတ်တပ်ထရပ်လိုက်ကာ ရေထဲခုန်ချမယ့်ပုံမြင်လိုက်တာမို့ အပြေးအလွှားသွားဆွဲထားလိုက်တော့သည်။
ကိုယ့်ကိုမော့ကြည့်နေတဲ့မျက်ဝန်းတွေ....အသက်ကအလွန်ဆုံးရှိမှ၂၀ပတ်လည်အရွယ်လေးဆီမှာ အသက်မဲ့တဲ့မျက်ဝန်းတွေနဲ့ပါလား ဘာတွေများဒီလောက်တောင်ခံစားခဲ့ရလေသလဲ။
"လူရယ်လို့ဖြစ်လာတာ သေဖို့အတွက်မှမဟုတ်တာကောင်လေးရာ ဘယ်လောက်ပဲရှုံးနိမ့်မှုတွေကြုံခဲ့ပေမယ့်ကြိုးစားပြီးရှင်သန်ရမယ် ပြီးတော့မင်းအခုလိုသေဆုံးသွားရင်ရော မင်းထက်အရင်ထွက်သွားသူတွေက ကြိုဆိုနေမယ်ထင်လား ဟိုးမိုးပေါ်ကိုမော့ကြည့်လိုက် သူတို့မင်းရဲ့အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေကိုဂုဏ်ပြုဖို့စောင့်နေကြတယ် ကြိုးစားပြီးရှင်သန်လိုက်စမ်းပါ"