Chapter 1.3 (End)

6.3K 841 7
                                    

Betrayed by friends?

Zawgyi

ကော်ရစ်တာရဲ့ ထောင့်ချိုးလောက်ရောက်တော့ မသိစိတ်ရဲ့လှုံ့ဆော်မှုအရ Cheng Yang အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ လူတစ်ယောက်ကို တွေ့လိုက်တယ် ရုတ်တရက် အဲ့ဒီလူကို ရင်းနှီးနေသလို တနေရာရာမှာ မြင်ဖူးနေသလို
ခံစားလိုက်ရတယ်။ ခဏအကြာလောက်သူ့မှတ်ဥာဏ်ထဲ
ပြန်စဉ်းစားကြည့်လိုက်တော့လည်း မမှတ်မိပြန်ဘူး
သူနဲ့တကယ်ဘဲ မဆုံဖူးကြတာဘဲလား

အတွေးတွေရပ်ပစ်လိုက်ပြီး Cheng Yang ဘားထဲ ဝင်လိုက်တယ် သူတို့ဝင်လာတာနဲ့တပြိုင်နက် အရှေ့မှာ ရှိနေတဲ့ လူတွေရဲ့ အကြည့်တွေကို ထပ်မံရရှိလိုက်ပြန်တယ်
စားသောက်ဆိုင်မှာတုန်းကလည်းတစ်ခါ ! ဒီနေ့ထူးဆန်းနေသလိုဘဲ
ဒါပေမဲ့ ဒီအထိကိုCheng Yang သံသယတွေသိပ်မ
ရှိသေး
သူဘဲအတွေးတွေ လွန်နေတာ ဒီညတော့ ကောင်းကောင်းအိပ်စက်မှ ဖြစ်မယ်လို့တွေးနေတော့
သည်။ တခါတလေ ပတ်ဝန်းကျင်အပြောင်းအလဲကြောင့်
မသက်မသာဖြစ်တတ်တယ်မဟုတ်လား။

ဝိုင်အနည်းငယ်သောက်ပြီးကာစရှိသေး ဒီဘားက ဝိုင်တွေက အလွယ်တကူးမူးတတ်လိုက်တာလို့ Cheng Yang တွေးမိသည်။သူ့ခေါင်းတစ်ခုလုံး ချာချာလည် မူးဝေနေပြီး ခန္ဓာကိုယ်ကလည်း ဟိုဖက်ဒီဖက် ယိမ်းထိုးနေသည်။ သူ့သူငယ်ချင်းနှစ်ယောက်က သူ့ကို အခန်းပြန်လိုက်ပို့ပေးတော့ Cheng Yang ကကျေးဇူးတင်စကားဆိုလိုက်သည်။

ဒါပေမဲ့ တခုခုတော့ မှားနေသလိုဘဲ သူ့ကိုခုနလေးကတင်
တွဲထားတဲ့ Li Ye နဲ့ Song PengCheng နဲ့က ရုတ်တရက် သူ့ကို လူစိမ်းတစ်ယောက်ဆီ တွန်းလိုက်တာလား!
ဘာတွေဖြစ်နေတာလဲ အခု!!

Cheng Yang အဲ့ဒီလူလက်ထဲကနေ ရုန်းကန်ပြီးအော်နေပေမဲ့ သူအသံနဲ့ ခန္ဓာကိုယ်က ပျော့ခွေ
နေတယ်။ဘားကဖွင့်ထားတဲ့ သီချင်းသံနဲ့ဆို ဘယ်သူမှ သူ့အသံကို ကြားမှာမဟုတ်ဘူး။
သူ့သူငယ်ချင်းနှစ်ယောက်ကိုကြည့်လိုက်တော့ တစ်ယောက်ယောက်နဲ့စကားပြောနေတယ် ပြီးတော့ အဲ့ဒီလူက တော်တော်ထူတဲ့စာအိတ်ကို ပေးလိုက်တယ်။
Cheng Yang မျက်တောင်တွေ ခတ်လိုက်တယ်
သူအခုမှ ဘာတွေဖြစ်နေတာလဲဆိုတာ နားလည်လာသလိုဘဲ ဒါပေမဲ့ သူ့မှာသတိကရေးရေးဘဲ
ရှိတော့တယ် သူလုံးဝကို မူးယစ်နေပြီ။

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now