{Please scroll down to read with zawgyi}
[Unicode]
လေအေးတွေက တစ်ဖြူးဖြူးတိုက်ခတ်နေတယ်
ကောင်းကင်ကြီးကလည်း အနီရောင်သန်းနေပြီ
မကြာခင် နေဝင်တော့မယ်ထင်ပါရဲ့
ဒါဆို...ကျွန်တော်ကရော?
xxxxxxx
Seoulမြစ်ကမ်းဘေးက လှေကားထစ်မှာထိုင်နေရင်း ကျွန်တော်အတွေးလွန်နေမိတယ်။ တောင်စဉ်ရေမရ အတွေးတွေပေါ့ဗျာ။ အချစ်ဆိုတာဘာလဲ?
လူတွေကတော့ အမျိုးမျိုးဖြေကြတာပဲ။ ဒါပေမယ့် ဘယ်သူကမှ သူ့ရဲ့အဓိပ္ပါယ်အစစ်ကို မသိကြသလို ဘယ်သူကမှလည်း သူ့ကို နားမလည်ကြဘူး။
ကျွန်တော်လည်း အတူတူပဲပေါ့...အချစ်ကိုလည်း နားမလည်သလို သူ့ကိုလည်း နားမလည်ဘူး...
______^^______"ကို! ရောက်နေတာ ကြာပြီလား"
Chanyeol Krisရှေ့က ထိုင်ခုံမှာ အမြန်ဝင်ထိုင်ရင်း ပြောလိုက်သည်။"နှစ်နာရီရှိနေပြီ ချန်း...ကိုယ်မင်းကို ဒီမှာထိုင်စောင့်နေတာ နှစ်နာရီရှိနေပြီ"
သူ့ပုံစံက တကယ်ကို စိတ်ပျက်လက်ပျက်ပုံစံပါပဲ။"Sorryပါ ကိုရယ်...ကျွန်တော်အိပ်ယာထနောက်ကျသွားတာနဲ့ပဲ"
"ကိုယ်မင်းကို ဖုန်းခေါ်နေတာ ဒီထိုင်ခုံမှာ စထိုင်ကတည်းကပဲ ချန်း! မင်းက လူသာဒီကိုရောက်လာတယ် ကိုယ်ဖုန်းတွေခေါ်ထားတာကိုတောင် သတိမူမိရဲ့လား"
သူ စိတ်တိုနေတာပဲ....Krisပြောမှ Chanyeolဖုန်းထုတ်ကြည့်လိုက်တော့ miss callတွေရော messageတွေရော အများကြီး ဝင်ထားသည်။
"အာ... ကျွန်တော် silentလုပ်ထားမိလို့ပါ sorryပါ ကိုရယ်"
"ချန်း! ကိုယ်လိုအပ်တာ မင်းရဲ့တောင်းပန်စကားကိုမှမဟုတ်တာ မင်းရဲ့အလေးထားမှုကိုလိုအပ်တာ အဲ့ဒါလေးပဲ လိုအပ်တာပါကွာ"
"ကို! ကျွန်တော်..."
"မင်း ဒီလိုတွေဖြစ်နေတာ အခုမှမဟုတ်ဘူး ချန်း။ မင်းခြေလှမ်းတွေမမှန်တာ တော်တော်ကြာပြီ။ မင်းဘာတွေဖြစ်နေတာလဲ ချန်း...မင်း ကိုယ့်ကို မချစ်တော့ဘူးလား...ဟမ်!"
"အဲ့...အဲ့လိုမျိုးမဟုတ်ပါဘူး ကိုရယ်။ တော်ပါတော့ ကျွန်တော်တောင်းပန်ပြီးနေပြီပဲဟာကို စိတ်လျှော့ပါ ကိုရဲ့"
Chanyeol Krisလက်ကို ကိုင်ပြီး ပြောတော့ Krisက ဘာစကားမှပြန်မပြောပဲ တခြားနေရာကိုသာ ကြည့်နေသည်။