Ch-3 Part 3

890 191 0
                                    

Unicode

ရဲစခန်းအတွင်းမှာတော့ အထူးစုံစမ်းရေးအဖွဲ့က လူလေးယောက်ဟာ အသံသွင်းထားတဲ့ ရှဖန်နဲ့ဖုန်းကျန်းယန်တို့ရဲ့စကားတွေကို ပြန်နားထောင်နေကြတယ်။

ဟန်ဇီချန်းက သူ့မေးစေ့ကိုပွက်ကာ ပြောလိုက်တယ်။
"မင်းအစ်ကိုသာ ဒါကိုကြားရင် ဘယ်လိုတောင် ဝမ်းနည်းသွားလိုက်မလဲ?"

ရှဖန်ကသူ့ကို ဗလာမျက်ဝန်းတွေနဲ့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
"တော်လိုက်တော့၊ အဲဒီအစား ကျွန်မကိုပြောစမ်းပါ... ကျွန်မတို့လာတယ်ဆိုတာကို သိသွားတာနဲ့ ကျွန်မတို့ရဲ့ဆက်ဆံရေးကို အဲဒီကြားခံဆက်သွယ်ပေးတဲ့လူက အထင်လွဲသွားမယ်ဆိုတာ ရှင်ဘယ်လိုသိနေခဲ့တာလဲ?"

ဟန်ဇီချန်းကပြန်ဖြေလိုက်တယ်။
"ငါတို့ ဒီလိုကားအကောင်းစားကြီးကို စီးလာတာပဲ... ငါတို့ကချမ်းသာတယ်ဆိုတာ သိသာနေတယ်လေ၊ ငါတို့ကားပေါ်ကဆင်းပြီး အဆောက်အဦးဆီ လမ်းလျှောက်သွားတော့ ငါတို့ကို အောက်ထပ်ကဈေးဆိုင်ပိုင်ရှင်က ကြည့်နေခဲ့တာ၊ ငါတို့ရောက်လာတဲ့အကြောင်းကို ဖုန်းကျန်းယန်ဆီ တကူးတက ဖုန်းဆက်ပြီးတောင် ပြောလိုက်သေးတယ်၊ အဲဒီတုန်းက ငါမင်းရဲ့ဒရိုင်ဘာအဖြစ်ပဲ သရုပ်ဆောင်ရသေးတယ်၊ ဒါပေမဲ့ ငါတို့အပေါ်ထပ်ကိုလည်းတက်ရော လျှောက်လမ်းတစ်လျှောက်မှာ ကင်မရာအသေးစားလေးတွေ တပ်ထားတာကို သတိပြုမိလိုက်တယ်၊ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိ ကြင်နာတဲ့ပုံစံမျိုး သရုပ်ဆောင်ပြလိုက်တာ၊ ဖုန်းကျန်းယန်က ဒီလိုကြိုလေ့လာထားတဲ့ အရာတွေအပေါ်မှီခိုပြီး သူ့ဆီလာတဲ့လူတွေကို တန်ခိုးကြီးသလိုလုပ်ပြပြီး အရူးလုပ်နေတာ၊ ငါက သူ့ကိုလှည့်စားလို့ရမလားလို့ စမ်းကြည့်လိုက်ရုံပဲ၊ ငါမှန်းထားတဲ့အတိုင်း သူကငါ့ထောင်ချောက်ထဲ တန်းဝင်လာတယ်လေ"

"ကျွန်တော်တို့ဘာဆက်လုပ်မလဲ boss?"
လီဇီလေးက အမှုနဲ့ပတ်သက်ပြီး တက်ကြွလာကာ ဒီအမှုက တကယ်ပဲစိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးထင်လာတယ်။

ရှဖန်ရလာတဲ့ ဘဏ်အကောင့်က ကိုက်ညီမှုရှိတယ်။ ဖန်းလီ ပိုက်ဆံလွှဲပေးလိုက်တဲ့အကောင့်နဲ့ တစ်ခုတည်းပဲ။

၂၇ချက် ဓားထိုးသတ်မှု (ဘာသာပြန်)Where stories live. Discover now