Chapter 3

5.6K 794 5
                                    

He Wants Him

Zawgyi

Cheng Yangနိုးလာချိန်မှာတော့ အခန်းထဲမှာ သူတစ်ယောက်ထဲဘဲရှိတယ်။ သူမျက်လုံးဖွင့်ဖွင့်ချင်း
မြင်လိုက်ရတာက ဖြူစွတ်နေတဲ့မျက်နှာကြက်
ကြီး။
ဘယ်အချိန်ရှိနေပြီလဲဆိုတာ ကြည့်ဖို့
ကုတင်ဘေးကစားပွဲပေါ်မှာ ရှိတဲ့ဖုန်းကို လှမ်းယူလိုက်တော့ မနေ့ညက အလွန်အကျွံအသုံး
ပြုထားတဲ့ ခန္ဓာကိုယ်ရဲ့ နာကျင်မှုက ကျောရိုးကနေထိုးတက်လာတယ်။
တစ်ချိန်ထဲမှာဘဲ မနေ့ညက အကြောင်းအရာတွေက တဖြည်းဖြည်းချင်းပြန်မြင်ယောင်လာတယ်။
အဲ့ဒါက အစပိုင်းမှာတော့ သေအောင်နာကျင်ပြီးတော်တော်ဆိုးတယ် နောက်ပိုင်းကျ.........။
Cheng Yang စောင်နဲ့သူ့မျက်နှာကို ဖုံးပစ်လိုက်တယ်
ပြန်တွေးယုံနဲ့တင် သူအရမ်းရှက်နေပြီ။
စောင်ပုံအောက်က သူ့မျက်နှာက မျက်ခုံးတွေ
တွန့်ချိုးထားပြီး နှုတ်ခမ်းတွေကို ကိုက်ထားတယ်။ မနေ့ညက ပုံရိပ်တွေက ရုပ်ရှင်တစ်ခုကို
ပြန်ရစ်ပြီးပြသနေသလို သူရှင်းရှင်းလင်းလင်း
ကြီးကို မှတ်မိနေတယ်။Cheng Yang သူ့ဆံပင်တွေကိုဆွဲဆောင့်လိုက်တယ်။ မနေ့ညက သူ့ခန္ဓာကိုယ်ကို သူစိမ်းတစ်ယောက်ဆီ အပ်နှံပြီး စိတ်ကြိုက်ကျူးကျော်ဝင်ရောက်ခွင့်ပြုခဲ့တာကို အခုထိ
မယုံနိုင်သေးဘူး။ ဒါတွေအကုန်လုံး အိပ်မက်
ဖြစ်နေခဲ့ရင်ကောင်းမယ်လို့ တွေးမိပေမဲ့ သူ့ရဲ့ နာကျင်နေတဲ့အစိတ်အပိုင်းတွေက လက်တွေ့
ဆိုတာကို သက်သေပြနေတယ်။ သူစောင်ပုံ
ထဲမှာဘဲ အကြာကြီးလှဲနေခဲ့တယ်။ နောက်ဆုံး
သည်းမခံနိုင်တော့တဲ့အချိန်မှ ထလာလိုက်တော့
တယ်။
အခုချိန် အိပ်ခန်းထဲမှာ သူတစ်ယောက်
ထဲရှိနေလို့သာတော်သေးတယ်။ ဟိုလူနဲ့သာ
တွေ့ခဲ့ရင် သူဘယ်လိုမျက်နှာနဲ့နေရမှာမှန်းကို
မသိတော့ဘူး။
ဒီဖြစ်စဉ်မှာ တရားခံဟာ သူကိုယ်တိုင်ဘဲဖြစ်တယ်။ တဖက်လူက ဆရာဝန်နဲ့ သေချာစမ်းသပ်
လိုပေမဲ့ သူကသာအဲ့အချိန်တုန်းက မသက်မသာတွေဖြစ်ပြီးအရင်ခြေလှမ်းစခဲ့သူမဟုတ်ပါလား။အခုတော့ နှစ်ကြိမ်ဘဲတွေ့ဖူးသေးတဲ့လူနဲ့
သူက အိပ်ခဲ့ပြီးပြီ !
Cheng Yangက နာကျင်နေတဲ့ကိုယ်ကို ဖြေးဖြေးချင်းထိန်းပြီး ထလိုက်တယ်။ သူ့ကိုယ်ပေါ်မှာလည်းဘာအဝတ်မှ ကပ်မနေခဲ့ဘူး။ အခန်းက heaterဖွင့်ထားလို့သာ
သူချမ်းမနေခဲ့တာဖြစ်သည်။
မနေ့ညက သူ့အဝတ်တွေကလည်း ရေတွေ
စိုနေတယ်။ Cheng Yangနှုတ်ခမ်းတွေကိုက်ပြီး
ဟိုလူကြီးဆီက အဝတ်တွေငှားဝတ်ရမလား လို့တွေးနေမိသည်။

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now