Chapter_7

4.7K 508 12
                                    

Unicode

နေရောင်ခြည် ဖျော့ဖျော့က ကျွန်းသစ်သား ပြတင်းပေါက်ကနေ ဖြာကျလာသည်နှင့် လွမ်မှာ ချက်ချင်း မျက်လုံးတို့ပွင့်လာသည် ။
ဘေးနားက နာရီငယ်ကို ကြည့်မိတော့ မနက်၆နာရီ။
မနေ့က အတွေးလွန်နေတာကြောင့် လွမ့်မှာ အိပ်မပျော် ။
အိပ်ယာထဲက ထလိုက်ပြီး ပြေကျနေတဲ့ ဆံပင်ကို စုပြီး ထုံး၍ အပြင်ကို ထွက်လာခဲ့သည် ။

“ညီမငယ်..ဟွမ်...ဟွမ်ပန်းခမ့် ”

ဟွမ့်ကို တွေ့နိုးနိုး လိုက်ရှာသော်လည်း အိမ်ထဲမှာ ဟွမ့် အရိပ်မယောင်ကိုပင်မတွေ့ ။
တိတ်ဆိတ်လွန်းလှသောအိမ်ကြီးဟာ လွမ့်ကို အရင်ကလို အထီးကျန်မှုကိုပြန်လည်ခံစားရရှိစေသည် ။
ဟွမ် ရန်ကုန်ကို
ပြန်သွားတာများလားဟုတွေးမိသော်လည်း
ဟွမ်သည် လွမ့်ကို မပြောပဲနှင့် ပြန်မည့်သူမဟုတ်။
ပြန်မည်လိုလျှင် အရင်ဆုံး အသိပေးမှာဖြစ်သည် ။

ဒါဆို ဟွမ်က ရုံးကို စောစောသွားတာများလား ။
မနေ့က သစ်ခိုးထုတ်တဲ့သူတွေကို
မိတယ်လို့ပြောတယ် ။

ထိုအခါမှ လွမ်စိတ်ချသွားမိပြီး ကျောင်းသွားဖို့အတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို ပြုလုပ်တော့သည် ။

မနက်စာ စားတော့လည်း ထမင်းဝိုင်းက တိတ်ဆိတ်နေသည်မို့ လွမ့်မှာ မြိုမကျ ။
ဒါကြောင့် ဟွမ့်အတွက် အလုပ်ကပြန်လာလျှင် အဆင်သင့်စားလို့ရအောင် ထမင်းစားပွဲဝိုင်းမှာ သေချာ ပြင် ပေးခဲ့လိုက်ပြီး
လွမ်က ‌ထမင်းချိုင့်သာ ထည့်သွားကာ ကျောင်းသွားဖို့အတွက် ပြင်လိုက်မိတော့သည် ။

ထုံးစံအတိုင်း ထမင်းချိုင့်နှင့်ဆွဲခြင်းကို စက်ဘီး အရှေ့ခြင်းထဲထည့်ကာ ထဘီအစိမ်းရောင်ကို အနည်းငယ် မ လျှက် စက်ဘီးစီးဖို့ ပြင်လိုက်၏ ။
လက်ကလည်း မနက်က ရေနွေး
ပူလောင်တာကြောင့် ဆေးကိုလိမ်းထားရ၏ ။

“အာ့ ဘုရားရေ ”

စက်ဘီးစီးဖို့ ပြင်ရုံလေးသာရှိသေး ဘေးနားက အစထွက်နေသော သံနှင့် ခြစ်မိလိုက်တာကြောင့် လွမ့် ခြေကျင်းဝတ် ဖြူဖြူမှာ အနီရောင် သွေးတို့က ဖြာခနဲ..ရဲရဲနီနေသည် ။ ကတ္တီပါ အစိမ်းရောင်လေးမှာလဲ သွေးတို့က စွန်းပေသွားပြီ ။

ချစ်သော နန်း နှင့် ဟွမ် ( Completed )Where stories live. Discover now