2.3K 245 11
                                    

zawgyi
ထောင်ဝတ်စုံနဲ့ အသားကျနေပြီဖြစ်သော ရှောင်းကျန့် အပြင်ဝတ်စုံကို ၀တ်ဆင်ထားရသောအခါ မနေနိုင်မထိုင်နိုင် ယားကျိကျိဖြစ်မိသည်။

ထောင်ထဲတွင် 7နှစ်ခန့် နေထိုင်လာပြီး အသားကျသွားသောအခါမှ လွတ်မြောက်သည့်ရက် ရောက်လာသည်ကို စိတ်တိုမိသည်။

သူထောင်ထဲဝင်ခဲ့ရသည်မှာ လူသတ်မှုကြောင့်။

သူတမင်ရည်ရွယ်ပြီး သတ်ခဲ့သည်တော့မဟုတ်။

လူတစ်ယောက်ဆီက ပစ္စည်းလုရင်း မတော်တဆ သတ်မိသွားခြင်းဖြစ်သည်။

ငယ်စဉ်ကတည်းက ခိုးမှုကြောင့် လူငယ်ထိန်းသိမ်းရေးကျောင်းကို ခဏခဏရောက်သော်လည်း ဤတစ်ကြိမ်တွင်မူ လူသတ်မှုဖြစ်သည့်အပြင် အသက်လည်းပြည့်သွားပြီဖြစ်သောကြောင့် ထောင်ဒဏ်ရှည်ကျခဲ့ရခြင်းဖြစ်သည်။

သူထောင်ထဲစ၀င်တုံးက 18နှစ် ထောင်ထဲမှာ7နှစ်နေခဲ့ရသည်ဆိုတော့ ယခု25နှစ်ပေါ့။

ငယ်ရွယ်မှုရဲ့ သုံးပုံတစ်ပုံကို ကုန်ဆုံးခဲ့ရသဖြင့် နှမြောသလားဟု လာမမေးနဲ့။

ထောင်ထဲမှာနေထိုင်ရသည်ကို သူနှစ်ခြိုက်သည်။
အစကတော့ အနည်းငယ်ကြောက်ရွံ့မိပေမဲ့ နောက်ပိုင်းတွင်မူ အရာအားလုံးနဲ့ ရင်းနှီးခဲ့ပေပြီ။

လူကောင်းမျက်နှာဖုံးတွေစွပ်ထားပြီး လောက်တက်နေတဲ့ စိတ်ဓာတ်တွေအပြည့်ရှိနေတဲ့ လူ့လောကကြီးထက်စာလျှင် ဤထောင်က အစပေါင်းများစွာသာလွန်သည်။

သူယုတ်ကိုယ်ယုတ် ပေါ်တင်ယုတ်။
မကျေနပ်ရင် ချလိုက်ကြ။
ပျော်စရာကောင်းသည်ကတော့ အမှန်ပင်။

အဖိုးအားမိုက ပတ်ပေးလိုက်သည့် လက်ပတ်ကြိုးအနီလေးကို အသာအယာ ပွတ်သပ်ပြီး သူညွှန်ပြလိုက်သည့် ရွာသို့သွားရန်ပြင်လိုက်သည်။

အဖိုးအားမိုကား ထောင်ထဲရောက်လာတာ4နှစ်ခန့်သာရှိသေးသည်။

သို့သော်ထိုအဖိုးသည် သေဆုံးသွားပြီဖြစ်သည်။

အသက်ကြီးကြီးအဖိုးကြီးတစ်ယောက်ဖြစ်သည့်အတွက် သနားမိသောကြောင့်  ပြုစုစောင့်ရှောက်ပေးခဲ့သဖြင့် ထိုအဖိုးမှာ ရှောင်းကျန့်ကို မြေးအရင်းသဖွယ်ချစ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 21, 2020 ⏰

Add this story to your Library to get notified about new parts!

囍Where stories live. Discover now