Part-60💖⭐

214 22 17
                                    

တစ်​ဟုန်​ထိုး​မောင်းနှင်​သွားသည့်​ ဟန်​ဇင်​ခ၏ကား​လေးအား...မဒီနွယ်​ လှမ်းကြည့်​ရင်း အ​တွေးများစွာဖြင့်​....

"ဘာ​တွေဖြစ်​ကြတာလဲ...လင်း​ရောင်​ခကို​လိုက်​ရှာမယ်​လို့ ငါကြားလိုက်​ပါတယ်​...ပြဿနာ တစ်​ခုခုဖြစ်​​နေတာ​တော့​သေချာတယ်​...ခ က ဘာလို့ ဘယ်​သူ့ကိုမှမသိ​စေချင်​တာလဲ...အား...ရှုပ်​​နေပြီ..ငါဘာလုပ်​ရမလဲ..."

စဉ်းစားရင်း​လျှောက်​လာသည်​မှာ...အခန်းသို့ပင်​​ရောက်​လာ၏....။
မဒီနွယ်​ ဟိန်း​တေဇအခန်း​ဆီသို့သွားလိုက်​ကာ...သူမ မြင်​​တွေ့ကြားသိခဲ့ရသည်​​တွေအား ​ပြောပြလိုက်​​တော့....

"ဟမ်း...စိတ်​၀င်​စားစရာပဲ...မမလူကြီးက ဒေါသထွက်​ပြီး အသဲအသန်​ဖြစ်​​နေပုံ​ထောက်​ရင်​...သူ့ညီက လင်​​နောက်​လိုက်​သွားလို့လား..."

"ဟဲ့..​ပေါက်​ကရ​တွေ..သူများကိုအဲ့လို​လျှောက်​မ​ပြောနဲ့​လေ.."

"ကျွန်​​တော်​ ​လျှောက်​​ပြောတာမဟုတ်​ဘူး...မြင်​လို့​ပြောတာ အဲ့လင်း​ရောင်​ခကို လူတစ်​​ယောက်​နဲ့ခဏခဏ​တွေ့တယ်​...​နေပုံ​ပြောပုံ​တွေက မ​ရိုးသားဘူးလို့ ကျွန်​​တော်​ထင်​​နေတာ..ခု​တော့ဟုတ်​​နေပြီ..."

မဒီနွယ်​...ပါးစပ်​က​လေးအ​ဟောင်းသားဖြင့်​​သေချာစဉ်းစား​နေရင်း...

"ဟဲ့..ငါ့ရဲ ခ က​တော့ gayမဟုတ်​​လောက်​ပါဘူး​နော်​.."

"မဟုတ်​လို့ မမနဲ့အဆင်​​ပြေသွားတာ​ပေါ့...ဟုတ်​ရင်​ မမကိုလှည့်​​တောင်​ကြည့်မှာမဟုတ်​ဘူး..."

"​တော်​ပါ​သေးရဲ့...ဘာပဲဖြစ်​ဖြစ်​ပါ..gayဆိုလဲ ငါကချစ်​မှာပဲ..သူ့ကိုပဲပိုင်​ဆိုင်​ချင်​တာ..."

ဟိန်း​တေဇ ​ခေါင်းသာရမ်းလိုက်​သည်​....။
မဒီနွယ်​ အပြုံး​တွေဖြင့်​​ပြော​နေရင်း...ပြန်​လည်​ မျက်​နှာပိုးသတ်​လိုက်​၏....။

"ဒါဆို အခု ငါတို့ဘာလုပ်​ရမလဲ...."

"ထားလိုက်​ပါ...သူတို့ကိစ္စက သူများ​တွေသိသွားလို့မ​ကောင်းဘူး...သူကိုယ်​တိုင်​​တောင်​မ​ပြောတာ...​စောင့်​ကြည့်​လိုက်​ဦး.."

⚠BECAUSE...⁉   {U+Z} (Completed)Where stories live. Discover now