Epi <7> - Nightmare

3.5K 255 1
                                    

[UNICODE]

ခွမ်း .... !!!

ကုတင်ပေါ်မှဆင်းဖို့ချထားတဲ့ ခြေထောက်အစုံကိုဆတ်ကနဲ
ပြန်တင်ပြီး ဘေးဘယ်ညာဝေ့သီကြည့်နေမိသည် ။
ခေါင်းကနဲ့ရုတ်တရတ် ကိုယ့်အနောက်ဘက်သို့ပြန်လှည့်
ကြည့်တာ အပျော်နေတဲ့စိတ်အစဉ်တို့ရုတ်ချည်းပေါက်ကွယ်
သွားရသည် ။ ဒီအချိန်ဘာဖြစ်တာလဲ ...
ကြောင်လား လူလား အိမ်Password ကိုသိတာလည်း
Omma ၊ ဂျောင်ဂု ၊ ဂျီမင် ပဲရှိတာ ။

" ဂျောင်ဂုလား ... ? "

" ဂျီမင်နီ မင်းလား ? "

တစ်ချက်မှပြန်ဖြေသံမကြားပဲ နာရီသံတတောက်တောက်ကို
တော့ အတိုင်းသားကြားနေရသည် ။ ခုချိန်မှာအားကိုးတကြီး
ရှာမိတာက ဖုန်း ... !

ခုတင်ဘေးမှာရှိတဲဖုန်းကို ဆွဲယူပြီးဖုန်းခေါ်မိသည်က
ဂျောင်ဂု ဆီကို ...

တစ်ဖက်က ဂျောင်ဂု ကလည်း ထယ်ယေင်း အိမ်မှာညစာစားပြီး မျက်လုံးတွေမှေးနေသည်မို့
အိပ်မယ်ဟုစီစဉ်ထားပြီး ဟိုဆော့ဟျောင်း နဲ့အလုပ်ကိစ္စ
အချိန်အနည်းငယ်ယူကာ ဖုန်းပြောလိုက်ရသည် ။
ရေချိုးသန့်စင်ပြီး ကုတင်ပေါ်ကိုသွားရန်သာ သူစိတ်လောနေမိ၏ ။

She Looks Like A Winterbear ~~

ဖုန်း Ringtone သံခပ်တိုးတိုးသာထားတတ်ပေမဲ့
နားပါးတတ်တဲ့ ဂျောင်ဂု ကတော့ကြားလိုက်သည် ။
Personal အတွက်သုံးတဲ့ဖုန်းကလာနေတာမို့
မျက်မှောင်ခပ်တန်းတန်းကြုံမိကာ သွားကြည့်မိတော့
ဟျောင်းပိစိ ဆိုတဲ့ Contact Name ကရှင်းလင်းစွာပေါ်
နေသည်မို့ မျက်နှာကပြုံးရောင်သန်းသွားသည် ။
တစ်ခုစဉ်းစားလိုက်မိတာက ကောင်လေး ဘာလို့ဒီအချိန်ဖုန်းဆက်လဲ ...

ဖုန်းလက်ခံပြီးတာနဲ့ ဒီဘက်ကဘာစကားမှစမပြောရသေး
ကောင်လေး ဘက်ကစကားအထစ်ထစ်ငေါ့ငေါ့ ။

" ဂျောင် ဂျောင်ဂုဂီ အိပ်ပြီလားဟင် ''

" မအိပ်သေးဘူး‌ ဟျောင်း ဘာဖြစ်လို့လဲဟင်
ကျွန်တော့ကိုပြော ကျွန့်တော့ကိုဘာဖြစ်တာလဲပြော ''

အိပ်ရာပေါ်မှာထိုင်နေရင်းကနေ တစ်ဖက်ကကောင်လေး ရဲ့
တုန်ယင်နေသောအသံကြောင့် ဆတ်ကနဲထရပ်မိသည်က
စိတ်ပူခြင်းကြောင့်သာ ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Donde viven las historias. Descúbrelo ahora