"အမှတ်တမဲ့တွေ့ဆုံခြင်းမှ
အမှတ်တရများစွာကို အတူ
နောက်ဆုံးထွက်သက်မတိုင်မီအထိဖန်တီးနိုင်ပါရစေ"
Author Leo
_________________________________"ဟေး....ကောင်မလေး....ကားလာနေတယ်လေ..."
စူးရှစွာအော်လိုက်တဲ့ အသံနဲ့ လက်ကိုရုတ်တရက် လှမ်းအဆွဲခံလိုက်ရတဲ့ အသိကြောင့် စိတ်နဲ့လူနဲ့ ပြန်ကပ်မိပါတယ်...
အိမ်ကနေထွက်လာတည်းက earphone ကို မိုင်ကုန်တင်ပြီး ပတ်ဝန်းကျင်ကိုတောင် ဂရုမပြုမိပဲ လမ်းလျှောက်လာမိတာ...
ရုတ်တရက်အော်လိုက်တဲ့ အသံကြောင့် ကြောင်အမ်းအမ်း ရပ်မိနေတုန်း...
"ညီမလေး... လမ်းကူးရင် သတိထားမှပေါ့... ခုနကကားက ဝင်တိုက်မိတော့မလို့..."
ကိုယ့်လက်ကို ဆွဲတဲ့သူကို ကြည့်မိတော့မှ ကျောင်း uniform နဲ့ ကောင်မလေးတစ်ယောက်... အသက်ကတော့ ကိုယ့်ထက် ကြီးမယ့်ပုံပါ
"ကျေးဇူးပါအစ်မ... ညီမ သတိလက်လွှတ် ဖြစ်သွားမိတယ်..."
"နောက်ကို ဂရုစိုက်နော်.....လူတစ်ယောက်မှာ အသက်ကတစ်ချောင်းစီပဲပါတာ...အပို spare part ပါတာမဟုတ်ဘူးရယ်..."
"ဟုတ်ကဲ့ မမ...."
"ဟိတ်....စိတ်နဲ့ လူနဲ့ နည်းနည်းပြန်ကပ်ဦး ကလေးမလေး..."
"ဟုတ်....ဟုတ် မမ ကျေးဇူးတင်ပါတယ်နော်..."
အဲ့နေ့က စိုး မမနဲ့ ပထမဆုံးတွေ့ဆုံခြင်းပါ.... တစ်ခဏလေးတွေ့လိုက်ရသော်လည်း တစ်သက်စာအမှတ်ရနေမယ့် မျက်နှာမျိုးကို ပိုင်ဆိုင်ထားသော သူမ... ကိုယ့်ကိုကူညီလိုက်တာကို ကျေးဇူးအရင်မတင်ပဲ ကြောင်ပြီး
ငေးမိလိုက်သည်အထိ မှင်သက်သွားရတယ်....~~~~~~~~~~~~~~
ကျွန်မနာမည်က စိုးသူဇာဇော်ပါ...
တစ်ဦးတည်းသောသမီးပေါ့... အဖေနဲ့ အတူနေတယ်.... အမေကတော့ စိုးငယ်ငယ်တည်းက ဆုံးပါးသွားခဲ့တာ....
YOU ARE READING
Single Mother / ဝိဉာဥ်ဖက်သို့ ပေးစာ
Truyện Ngắn'' Single Mother '' ဝိဉာဥ်ဖက်သို့ ပေးစာ (GL) Written By Leo Intro....... "စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ ကမ္ဘာပေါ်မှာ တကယ်ရှိမနေဘူး ရှိရင်လဲ မြတ်နိုးအတွက်မဟုတ်ဘူး" .................May Myat Noe.............. "အချစ်ဆိုတာ တန်ဖိုးထားတတ်တဲ့သူ လက်ထဲမ...