အိပ်မက်ရှည်တစ်ခု၏ အဆုံးသတ်ကို ရင်နာနာသိ
လိုက်ရတဲ့ အစမနက်တစ်ခုဟာ အားလပ်ရက်ဖြစ်
တာတောင် မရွှင်လန်းလှဘူး ။'ဂျောင်ကု...နေမကောင်းဘူးလား...?'
အိပ်ရာထစဉ်ထဲက ငူငိုင်ကာမရွှင်ဖြစ်နေတဲ့ မော်ဒယ်
မင်းသားကြီးအား မန်နေဂျာ ယွန်းဂီမှ စိတ်တပူဖြင့်
မေးမြန်းလာပြန်သည် ။'ကောင်းပါတယ်...ဒီအတိုင်း...ရင်ထဲမကောင်းလို့...'
ခုထိလဲ ငိုင်တိုင်စွာပါပဲ...ဂျောင်ကုက မှန်ကြည်ကြည်
ကိုဖြတ်ကျော်ကာ အိမ်အောက်က ပန်းခြံလေးကို
စိုက်ကြည့်လျက်ဖြေလာပြန်သည် ။
သူ့ကို ရင်ထဲနေလို့မကောင်းအောင်အမြဲဆောင်ကျဉ်း
ပေးနေတတ်သည့်အရာက တစ်ခုတည်းပင် ။'မင်း...ဟိုအိပ်မက်တွေ...မက်ပြန်ပြီလား...'
'အင်း...'
အခြားအသေးအဖွဲတွေနဲ့ဆို အာရုံမထားဖို့ ပြောဆို
တတ်ပေမယ့်...ခုကတော့ မတူဘူး...သူငယ်ငယ်
ကတည်းက စွဲလမ်းစိတ် ကြီးလာတဲ့ အိပ်မက်မဟုတ်
လား...ရှေ့ဘဝ နောက်ဘဝယုံတဲ့ ကိုယ်တွေအတွက်
ဒီအိပ်မက်တွေက အတုယောင်မဟုတ်ပြန်ဘူးလေ ။'ဒီတစ်ခါရော...အိပ်မက်တွေက...ဘာပြောသေးလဲ...?'
'ဒီတစ်ခါ...အိပ်မက်က...အဖြေပေးသွားပြီ...
အဆုံးသတ်ထိ...သိလိုက်ရလို့...အရမ်းပင်ပန်းတယ်
ဗျာ...'ဝမ်းနည်းမှုက ဂျောင်ကုမျက်ဝန်း၌ အထင်းသား...
အိပ်ရာဝင် ပုံပြင်တွေမယုံကြည်ပေမယ့်...
ကိုယ့်ရဲ့အိပ်ရာထ အိပ်မက်လေးအပေါ်တော့ စွဲလမ်း
မိသူအဖို့ မလှတဲ့ အဆုံးသတ်တစ်ခုက နှိပ်စက်နေသလိုပင် ။'ဟုတ်လား...ဒါဆို...ကောင်းတဲ့...အဆုံးသတ်တော့...
မဟုတ်ဘူးထင်တယ်...''အင်း...'
ဖျော့တော့နေတဲ့ အကြည့်တွေက ခုထိကိုယ်ဆီ
ဦးတည်လာခြင်းမရှိသေးပေ ။ဂျောင်ကုက တော်တန်ရုံ လိုက်ခံစားမနေတတ်ပေမယ့် ဝမ်းနည်းစရာ ကြုံပြီဆို သူ့ပုံစံက အလိုလို အားအင်လျော့နေတတ်၏။
ခုလဲ မနက်စာအတွက် ကော်ဖီတစ်ခွက်သာ...
ကော်ဖီတစ်ခွက်ကိုလည်း စိတ်ရှိတိုင်း အချိန်ဆွဲကာ
သောက်တတ်တဲ့အကျင့်ရှိပြန်သည် ။
ဤမနက်ခင်းက ဂျောင်ကုအတွက် ကောင်းသောနိုးထ
ခြင်းတွေ မယူဆောင်လာပေးဘူးပဲ...