Chapter_10

5.2K 523 29
                                    

Unicode

အမလွမ်.....ဟွမ့်ကို ညီမငယ် လို့ခေါ်ရင် သဘောကျတယ် ။
မောင် လို့ခေါ်မယ်ဆိုရင်တော့
သဘောအကျဆုံးပေါ့ ။
မောင် ကလည်း အမလွမ်ကို စုလွမ် ဆိုပြီးပြန်ခေါ်မယ်ဆိုရင် စိတ်ဆိုးမလား ...

အရင်တည်းက စုလွမ်နဲ့ပြောရင် ကိုယ့်ကိုကိုယ် မောင်..ဆိုပြီး နာမ်စားသုံးတာကို စုလွမ် ရိပ်မိပါ့မလား...
ပါးစပ်ကရုတ်တရက် ထွက်သွားမိတိုင်း စုလွမ်ရဲ့ မျက်နှာရိပ်ကို
အကဲခတ်ရတာလည်း အမော...

စုလွမ်ဆိုတဲ့အခေါ်အဝေါ်လေးကို
သက်ဆိုင်သူရှေ့မှာ မောင်... ထင်ထင်ပေါ်ပေါ်ခေါ်ချင်ပါပြီကွယ်...

________________________

ရွာကားစီးစဉ်ကနေ ရွာရောက်တဲ့အထိ ဟွမ်က အမရဲ့လက်ကို မလွှတ်ပါ ။
ဘေးနားက လူတွေကတောင် တွဲလက်မဖြုတ်တော့ဘူးလားဟု
မေးလာသည်အထိ ။

ထိုအခါ အမက နူးနူးညံ့ညံ့လေးပြုံးပြီး ရှက်၍ ခေါင်းငုံ့နေတော့တာပါပဲ ။
အမက ဟွမ်ရှိရာ ရန်ကုန်သို့ လိုက်လာမလို့တဲ့လေ။
ဟွမ့်မှာ ရင်ခုန်လွန်း၍ အချိန်တစ်ခုအထိ စကားမပြောနိုင်ပဲ အ‌မကိုသာ ငေးကြည့်နေမိသည် ။

အမက အဲ့လောက်မကြည့်နဲ့လေ ပြောမှ သတိပြန်ဝင်ရတာ အမော...

“ အမ ဖြေးဖြေးဆင်း ”

ကားပေါ်ကနေ ဆင်းလာတဲ့ အမကို ‌လက်ကမ်းပေးမိ၏ ။
ထဘီလေးကို မ,ပြီးဖြေးဖြေးချင်း ဆင်းလာ၏ ။
အမဟာ မည်သည့်အချိန်ပဲကြည့်ကြည့် ငြင်သာပြီး၊  နူးညံ့သည် ၊ ပြီးတော့ အိန္ဒြေလည်း သိပ်ရှိသည် ။

ခြေဆင်းလာရာ အမရဲ့
ခြေကျင်းဝတ်ဖြူဖြူလေးမှာ
ဒဏ်ရာတစ်ခု ။
မြေပြင်ပေါ်ရောက်ပြီး ကားထွက်သွားတော့
ဒူးထောက်ပြီး အမရဲ့ ခြေကျင်းဝတ်ဖြူဖြူလေးကို သေချာကြည့်မိတော့ ခြစ်ထားသလိုဖြစ်တဲ့ဒဏ်ရာဟာ
ထင်းခနဲ ။ 
အမလွမ် ထိခိုက်မှာကို ဟွမ်အစိုးရိမ်ဆုံးပဲ ။

“စုလွမ် ၊ ဒါဘာဖြစ်တာလဲ ၊ ဘယ်တုန်းကဖြစ်တာလဲ အရင်က မောင် ဒီဒဏ်ရာကို မမြင်မိပါဘူး”

ထိုသို့ဆက်တိုက်ပြောရင်း အမကို
မော့ကြည့်မိတော့ တစ်ဆက်တည်း အမကပါ
ပြန်ငုံ့ကြည့်နေသည်လေ ။

ချစ်သော နန်း နှင့် ဟွမ် ( Completed )Tempat cerita menjadi hidup. Temukan sekarang