ခပ်အုပ်အုပ်နဲ့သိုသိုသိပ်သိပ်လေးလှပတဲ့
နွေ တို့မြို့လေးကဇန်နဝါရီရဲ့ဆောင်းတွင်းရဲ့မနက်ခင်းလေးမှာတိတ်ဆိတ်နေလျက်.....မြို့ကြီးပြကြီးတွေလိုရှုပ်ရှပ်ခက်နေခြင်းမရှိပဲခပ်အေးအေးရာသီဥတုနဲ့အတူမြို့လေးကကလေးငယ်တစ်ယောက်ကွေးအိပ်နေသလို
ပုံမှန်ဆိုသူမတို့မြို့လေးက
၉နာရီ ၁၀ နာရီလောက်မှစတင်လှုပ်ရှားအသက်ဝင်လေ့ရှိသည်ထို့နောက် နေ့လည် ၂နာရီလောက်ဆိုပြန်ပြီးတိတ်ဆိပ်ငြိမ်သက်သွားတက်သည်
ခပ်အေးအေးခပ်မှောင်မှောင်ရာသီဥတုနှင့်အတူလိုက်ရောညီထွေစွာအမြဲလိုလိုတံခါးပိတ်ထားလေ့ရှိသည်အိမ်တံခါးတွေ ပြတင်းပေါက်တံခါးတွေဟာဒီမြို့လေးရဲ့ထူးခြားချက်.....
ဘာပဲဖြစ်ဖြစ်နွေကတော့သဘောကျတယ်
သူမရဲ့ဇာတိမြို့ရွာတစ်ခုလိုခံစားရတယ်
နွေက အေးစက်ပြီးမှောင်မဲနေတာသဘောကျတယ်လေ
ပြီးတော့အိပ်ရတာသဘောကျတယ်ပြီးရင်တံခါးတွေပိတ်ထားတာသဘောကျတယ်လုံခြုံတယ်လို့ခံစားရတယ်
နွေကိုယ်တိုင် duty off တဲ့နေ့တွေဆို နေ့လည်လောက်ထိကို ရှိသမျှအပေါက်မှန်သမျှကိုအမှောင်ချ ပြီးလှိမ့်ပိမ့်ပြီးအိပ်လေ့ရှိသည်
ဒီမြို့လေးက ရန်ကုန်သူစစ်စစ်သူမအတွက် နတ်ဘုရားတွေဖန်ဆင်းပေးထားသလို....
အမှန်စစ်စစ်က နွေက ဒီဇာတိမဟုတ်
ရန်ကုန်မှာမွေးရန်ကုန်မှာကြီးခဲ့တဲ့သူတစ်ယောက်
နွေရဲ့ပုံစံကဒီမြို့ကနယ်ခံလူတွေနဲ့တော့တော်တော်ကိုကွဲပြားသည်
အထူးခြားဆုံးက
သူမရဲ့ခန္ဓာကိုယ်ကထွေထွေထူးထူးပုံစံသွင်းထားခြင်းမရှိပဲအချိုးစားပြေပြစ်လွန်းသည်တော်တော်များများအမျိုးသားများက သူမရဲ့ခန္ဓာကိုယ်ကို နှစ်ခါပြန်ငေးကြည့်တက်သည်
အသားညိုစိမ့်စိမ့် နှာတံပေါ်ပေါ် အရပ်မြင့်မြင့်ရှိသည့်အပြင်နွေ့ရဲ့ထူထွေးနီရဲနေသောနှုတ်ခမ်းဖျားမှာ sexy ကျကျမှည့်တစ်လုံးလည်းရှိသည်
YOU ARE READING
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Fantasyအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...