တစ်ရက်တော့နွေ့ကိုသူနဲ့ခရီးတစ်ခုလိုက်ခဲ့ဖို့တောင်းဆိုခဲ့တယ်
အဲ့ခရီးကနွေ့ဘဝကိုတစ်မျိုးပြောင်းလဲသွားစေမယ်လို့ နွေမတွေးမိခဲ့အဲ့ဒီနေ့ကနွေနဲ့သူရဲ့တစ်နှစ်ပြည့် anniversary နေ့
လေယာဉ်ပေါ်တက်တက်ခြင်းနွေကြောင်အမ်းအမ်းဖြစ်သွားမိသည်
လေယာဉ်ပေါ်မှာ ခရီးသည်ဆိုလို့သူမတို့နှစ်ယောက်သာရှိသည်
ထိုင်ခုံတွေကခပ်ဝိုက်ဝိုက်မျက်နှာချင်းဆိုင်အနေအထားမှာရှိသည်
နွေကြောင်တောင်တောင်ဖြင့်ထိုင်လိုက်သည်
ဝါကျင့်ကျင့် champagne လေးကိုလာချပေးတဲ့ လေယာဉ်မယ်လေးက
သူ့နဲ့အတော်လေးပင်ရင်းနှီးနေသလိုသူကလေယာဉ်မယ်လေးရဲ့နားကိုကပ်တိုးလေးလက်ဖြင့်အုပ်ကာပြောလိုက်
ဟိုကခိုးခိုးခစ်ခစ်ရယ်လိုက်နဲ့
အချင်းချင်းပွေ့ဖက်နှုတ်ဆက်နေလိုက်ကြတာများ
နွေ့ရင်ထဲမှာတစ်မျိုးဖြစ်သွားသည်နွေတို့အသက်အရွယ်တွေကချည်နှောင်ပြီးသဝန်တိုရမဲ့အရွယ်မဟုတ်တာနွေနားလည်ပါတယ်
ဒါပေမဲ့လည်းနွေသူနဲ့ဘယ်တုန်းကမှမနီးစပ်သေးမှန်းနွေသဘောပေါက်သွားမိသည်
နွေမသိသေးမဲ့သူ့ဇာတ်လမ်းတွေဘယ်လောက်ရှိမလဲ
ဘယ်အမျိုးသမီးကရော ဒီလိုပြိုင်ဖက်ကင်းအောင်အိမ်မက်ဆန်တဲ့အမျိုးသားကိုငြင်းဆန်နိုင်မလဲ
နွေတွေးရင်း ရင်ထဲမှာတင်းကျပ်လာလို့ champagneကို ခွက်ခနဲမော့သောက်လိုက်သည်
"champagneဆိုတာ အရသာခံပြီးသောက်ရတာလေနွေရဲ့"
သူနွေ့ရဲ့ပါးကိုဖြတ်ခနဲလာနမ်းပြီးမှ ထိုင်ခုံတွင်အကျအနထိုင်လိုက်သည်
သူ့ပုံစံကပကတိကြည်လင်နေပြီး နွေ့စိတ်ကိုသူမသိတာလား
သိရက်နဲ့မသိချင်ယောင်ဆောင်နေတာလားနွေမသိပါ
ဟုတ်မှာပါ တဆက်တည်းမှာ
နွေနဲ့သူ type မတူတာနွေသတိပြုမိသည်
YOU ARE READING
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Fantasyအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...