ဒါလေးက Bjyx နဲ့ ရှိုးပွဲအထိ ရောက်သွားပြီး အရှို့ခံလိုက်ရတဲ့ fan girlလေးရဲ့ ချစ်စရာ ဇာတ်လမ်းကလေး။ ကျွန်တော် ရေးတာတော့ မဟုတ်ဖူး။ ဘေဘီလေးလို့ ခေါ်တာ မကြိုက်တဲ့ ကျွန်တော့် ဘေဘီကြီး လက်ဆောင် ရေးပေးတာ။
.................
ချစ်စရာကောင်းတဲ့ လိပ်မလေး Nar Nar က အခု Beijing ရဲ့ အကြီးဆုံး Sport Stadium ထဲကိုရောက်နေတာဖြစ်တယ်။ 2022 ခုနှစ်ရဲ့ တစ်ခုသော New Year မတိုင်ခင်ရက်မှာ ပြုလုပ်တဲ့ သူ့ ဝမ်ဝက်ကလေးရဲ့ Solo Show ကို လာဖို့ ကြိုးစားခဲ့ခြင်းက အောင်မြင်အထမြောက်ခဲ့တယ်။
သူမက FA Level So High နေတာဖြစ်တဲ့အတွက် ရေခြားမြေခြား မြန်မာနိုင်ငံကတစ်ဆင့် ဘယ်သူ့ဘယ်သူနဲ့မှ အချိတ်အဆက်မလုပ်ဘဲ ဒီပွဲကို တစ်ယောက်ထဲ တိတ်တဆိတ် လာခဲ့တာဖြစ်တယ်။
ဝမ်ဝက်ပေါက်လေးရဲ့ Solo Show ဖြစ်ပေမယ့်လဲ Stadium တစ်ခုလုံးမှာ အဝါနဲ့အစိမ်းရောင်အလင်းရောင်တွေက အချိုးကျကျ ရောယှက်နေတယ်။ပရိတ်သတ်တွေရဲ့ အလည်တည့်တည့် မှာရှိတဲ Stage ရဲ့ Theme က Fire ကို အဓိကထားပြီး ပြင်ဆင်ထားတဲ့ ပုံစံမျိုးဖြစ်တယ်။
Nar Nar က ပွဲမစခင် ခပ်စောစောထဲက ရောက်နေပေမယ့်လဲ သူမရဲ့ဘေးမှာ သူမမတိုင်ခင်ထဲက ရောက်နှင့်နေတဲ့ အဝါရောင် Banner ကိုင်ထားတဲ့ အမျိုးသားတစ်ယောက် ရှိနေခဲ့တယ်။ သူက အနက်ရောင်ဂျင်းဘောင်းဘီနဲ့ အနက်ရောင် Hoodie တစ်ထည်ကို ခေါင်းစွပ်လို့ ဝတ်ဆင်ထားတယ်။ နောက်ပြီး ဦးထုပ်ကို ဆောင်းထားတဲ့အပြင် Mask အမဲရောင်ကိုလဲ ဝတ်ဆင်ထားတာမို့ မျက်နှာတစ်ခုလုံးမှာ မြင်ရတဲ့နေရာ မရှိသလောက်ဘဲ။ ဘာ့အတွက်မှန်း မသေချာပေမယ့် သူ့ဘေးနားမှာထိုင်နေရတာက Nar Nar အတွက် (ရှိန်နေ၊ရှက်နေတာမျိုးမရှိဘဲ) လုံးဝကို သက်သောင့်သက်သာဖြစ်နေတဲ့ခံစားချက်မျိုး အပြည့်အဝကိုရနေတယ်။
စောင့်နေတာ တစ်နာရီကျော်လောက်ကြာပြီးတဲ့နောက်မှာတော့ ဝမ်လေးက ဆိုင်ကယ်စီးလို့ Stage ပေါ်ရောက်လာပြီး Wugan သီချင်းနဲ့ပဲ Show ပွဲကို စတင်တယ်။
Nar Nar ရဲ့ ဝမ်ငယ်လေးရဲ့ Stage ပေါ်က ခမ်းနားခြင်းတွေကို ဖန်သားပြင်ပေါ်ကတစ်ဆင့် အကြိမ်ကြိမ်မြင်ခဲ့ဖူးပေမယ့် အပြင်မှာတွေရတာက လုံးဝနှိုင်းယှဉ်လို့မရလောက်အောင်ကို သာလွန်လွန်းတာမို့ အရာအားလုံးကိုမေ့သွားလောက်အောင်ကို သူမရဲ့အာရုံက Stage ပေါ်က ဝမ်လေးပေါ်မှာပဲ ရှိနေတယ်။
YOU ARE READING
FanfictionဒီShort Storyကလေးက ကျွန်တော်ပိုင်တာ😝 Short Storyကလေးက ကျွန်တော်ပိုင်တာ😝