နှိုင်းရတုနဲ့သူ့အမနဒီတို့စျေးသွားရန်အိမ်မှထွက်လာခဲ့ကြတယ်
နှိုင်းကသူ့အမကိုအလုပ်အကြောင်းတွေပြောပြီးရီနေကြတာပေါ့
စကားတပြောပြောနဲ့ကားမှတ်တိုင်ရှိရာကိုထွက်လာခဲ့ကြတယ်
စကားပြောနေရင်းမထင်မှတ်ဘဲနှိုင်းကဟိုကြည့်ဒီကြည့်နဲ့လှည့်ကြည့်လိုက်တော့
ခြံသစ်ထဲမှာသစ်ပင်စိုက်နေတဲ့ရှိုင်းသုတကိုမြင်လိုက်ရတယ်
(ရှိုင်းကအခုမှပြောင်းလာတော့တယောက်နဲ့တယောက်မသိကြဘူး)
(ပြောင်းလာတဲ့ခြံကလဲနှိုင်းရဲ့သူငယ်ချင်းခွန်းသတို့အိမ်နော်)
ရှိုင်းကနှိုင်းကိုစိုက်ကြည့်နေတယ်
ရှိုင်းရဲ့အကြည့်ကိုရှက်သလိုလိုကြောက်သလိုလိုဖြစ်နေပေမဲ့
နှိုင်းကမျက်တောင်မခတ်ဘဲပြန်ကြည့်နေတယ်
နဒီကလက်ပုတ်လိုက်မှရှိုင်းဘက်ကိုကြောက်ကြောက်နဲ့လှည့်ကြည့်နေတာကနေလန့်ပြီးတုန်သွားတယ်
"ဟဲ့နှိုင်းနင်ဘာတွေငေးနေတာလဲငါပြောတာရောကြားရဲ့လား”
"ကြားပါတယ်အမရဲ့.”
"အဲ့တာဆိုငါဘာပြောလိုက်တာလဲ”
"ဟို..ဟို.ဟိုလေ”
"အဲ့တာပဲ နင်တခုခုကိုငေးနေတာပါ”
"မ..မဟုတ်ပါဘူး အမရာဟိုမှာကားလာနေပြီမြန်မြန်လာ”
နှိုင်းလဲကားပေါ်တတ်ပြီးခြံထဲပြန်ကြည့်တော့ရှိုင်းကသစ်ပင်ပြန်စိုက်နေတယ်
နှိုင်းလဲရှိုင်းဘက်ဆက်ကြည့်မနေတော့ဘဲအမနဲ့စကားတပြောပြောနဲ့ထွက်လာလိုက်တယ်
နှိုင်းတို့အိမ်နဲ့ကားမှတ်တိုင်နဲ့ကသိပ်မဝေးဘူးဆိုတော့ဘယ်သွားသွားအဆင်ပြေတယ်
ရှိုင်းကနှိုင်းတို့လမ်းထိပ်ကအိမ်သစ်မှာနေတယ်
ရှိုင်းကသူ့သူငယ်ချင်းနဲ့အိမ်ငှါးနေတာလေ
ရှိုင်းကရန်ကုန်မှာသူငယ်ချင်းတွေနဲ့အတူတူအလုပ်လာလုပ်တာလေ