"ဇွဲ အစောကြီးရောက်နေတာလား"
"အင်းဟုတ်တယ်"
"ဒီနေ့ practical ရှိတယ်နော်"
"ဟုတ်လား ငါဘာမှမသိဘူး ဟိုရောက်ရင်ငါ့ကိုနဲနဲပါပါးပြောပြဦးနော်""ငါ့ကိုဆရာတင်နေတာလား ငါကဘာမှသိတာမဟုတ်ဘူး ဟိုရောက်မှကြည့်ပီးလိုက်သာရောင်လိုက်" သူရတယောက် ဇွဲကိုကြည့်ပီးခေါင်းခါလိုက်တယ်
.......
"ခ မင်းနဲ့အတူကျောင်းလာနေတဲ့တယောက်ကဘယ်သူလဲ"
"ဘယ်သူမှမဟုတ်ဘူး"
"မလျှိုပါနဲ့ကွာ ငါတို့ငယ်ငယ်လေးတည်းကပေါင်းလာတာကြတာ ရှိတာမှဒီသုံးယောက်တည်းပွင့်ပွင့်လင်းလင်းပေါ့"
သီဟအတင်းမေးလာတော့မှ"အမေ့အသိရဲ့သားတဲ့ ရွာကလာတာလို့ပြောတာပဲ ငါတို့အိမ်မှာတယ်"
"ဒါဆိုမင်းအဖော်ရတာပေါ့"
"တော်ပါကွာ အိမ်ကိုစရောက်တည်းကငါနဲ့ပြသနာတက်ပီးသွားပီ"
"မင်းဟာကလည်းကွာ သိတောင်မသိသေးဘူး ပြသနာကတက်ပီးသွားပီလား" ပိုင်ဇေကဝင်ပြောတော့ ခမသိချင်ယောင်ဆောင်နေလိုက်တယ်
........
"သူရနောက်တစ်ချိန်ငါတို့အတန်းလစ်ရအောင်"
"ဟာ မလစ်ပါဘူးကွာ"
"မင်းကလည်းလုပ်ပါကွာ practical ချိန်လဲပီးသွားပီကို ငါတယောက်တည်းမို့လို့ အဖော်မရှိလို့ပါ" ဇွဲတယောက်သူရကိုမရမကအဖော်ညှိနေသည်"အတန်းလစ်ပီးမင်းကဘာလုပ်မလို့လဲ
"ငါဗိုက်ဆာလို့"
" ဆာပြန်ပီလားမင်းဗိုက်က ခုနကပဲငါနဲ့တူတူစားထားတာလေ ခုမှနှစ်ချိန်ပဲပီးသေးတယ် ""လုပ်ပါကွာ နောက်တချိန်ကကျက်စာကြီး ပျင်းစရာကောင်းတယ် ကျက်စာကပီးမှတယောက်ယောက်ဆီကစာအုပ်ငှားပီး ပြန်မှတ်လိုက်လို့ရတယ် အရေးမကြီးဘူး လာပါကွာလစ်မယ်"
"မင်းကတော့ပြသနာပဲကိုယ့်ဘာကိုပျင်းလို့မတက်ချင်တာကိုပဲငါ့ကိုအဖော်လာညှိနေသေးတယ် ငါကစာတွေနောက်ကျထားတာလေ အဲ့တော့... "
သူရစကားပြောလို့မပီးသေးဘူး ဇွဲ သူရသူရလက်ကိုအတင်းလက်ကိုဆွဲပီးထွက်လာမို့နောက်မှာသူရတယောက်ယက်ကန်ယက်ကန်ပါလာသည်။
.........
ဇွဲတို့အတန်းထဲကထွက်လာပီးနည်းနည်းဝေးဝေးလျှောက်လာပီးတဲ့နောက် လူရှင်းတဲ့နေရာလေးမှာထိုင်လိုက်တယ်
"မင်သိလားတက္ကသိုလ်ကျောင်းသားဘဝဆိုတာကျောင်းပြေးဖူးရတယ်ကွ အဲ့တာမှကျောင်းသားပီသမှာ"
"ဘာမှလည်းမဆိုင်ဘူး " သူရ ဇွဲကိုပြန်ပြောပီးမျက်စောင်းတချက်ထိုးလိုက်တယ်
YOU ARE READING
ကျွန်တော်ချစ်သောမောင့်ကမ္ဘာ
Romanceရွေးချယ်စရာတွေများတဲ့ကမ္ဘာကြီးထဲမှာပိုကောင်းတဲ့အရာတွေရှိနေခဲ့ရင် တောင်မောင့်ကိုပဲအမြဲရွေးမယ်