Chapter 4.2(End)

5K 833 7
                                    

                 Invite Dinner

Zawgyi

ကောင်းကင်မှာ တိမ်ကင်းစင်ကာ ကြည်လင်နေပြီး ပင်လယ်ရေလှိုင်းလေးတွေက ပြာလဲ့နေတယ်။
အဆုံးမရှိတဲ့ကောင်းကင်ကြီးနဲ့ပင်လယ်ပြင်ကြီးကို ကြည့်ရင်း Cheng Yang စိတ်အစုံဟာငြိမ်သက်လာခဲ့တယ်။
ဇိမ်ခံသဘောင်္ပေါ်မှာလူလုပ်ကမ်းခြေလေးတစ်ခုရှိတယ်။
Cheng Yang ကအောက်ထပ်မှာရှိတဲ့ ကမ်းခြေကိုသွားလိုက်ပြီး ချောင်ကျတဲ့ထောင့်လေးမှာ ထိုင်လိုက်တယ်။
နေမင်းဟာတောက်ပနေပြီး နွေးထွေးတဲ့
နေ့အလင်းရောင်ကလူတွေအပေါ်ကိုဖြန့်ကျက်လျက်ရှိရာCheng Yang ကဒီအခိုက်အတန့်လေးမှာ ပျော်ရွှင်နေမိတယ်။သူ့နှုတ်ခမ်းထောင့်လေးတွေ ကွေးညွတ်နေပြီးအပြုံးလေးကလက်ဖျားခါလောက်
အောင် လှပနေခဲ့တယ်။

အပေါ်ထပ်ဝရန်တာမှာ ရင်းနှီးမြှုပ်နှံမှုအကြောင်းဆွေးနွေး
နေတဲ့ She Yan ကကမ်းခြေဘက်ကို စောင်းငဲ့ကြည့်လိုက်မိချိန်မှာ
မနေ့ညက သူ့ကိုဆွဲဆောင်သွားတဲ့ ချောမောလှပတဲ့ မျက်နှာလေးတစ်ခုက သူ့မြင်ကွင်းထဲ
ရောက်လာတယ်။
နေပူဆာလှုံနေတဲ့ Cheng Yang ကိုသူနက်နက်ရှိုင်းရှိုင်းကြည့်နေမိတယ်။
အဲ့တာကို သတိထားမိသွားတဲ့ ဘေးကတစ်ယောက်က She Yan တစ်သမတ်တည်း စိုက်ကြည့်နေတဲ့နေရာကို ကြည့်လိုက်တော့ လှပတဲ့ကောင်ငယ်လေးကို မြင်လိုက်ရတယ်။

"အဲ့ကောင်လေးကို ဥက္ကဌ She သဘောကျရင် ဒီကို
ခေါ်ခဲ့ဖို့ တစ်ယောက်ယောက်ကို စေခိုင်းလိုက်မယ်လေ"

အဲ့ဒီလူက She Yan ကောင်လေးကို စိတ်ဝင်စားနေတယ်လို့ ထင်လိုက်တယ်။
အဲ့စကားကိုကြားကြားချင်း She Yan ကလှည့်လာပြီး
ထိုလူကိုအေးစက်စက်အကြည့်တွေနဲ့တစ်ချက်ကြည့်ပြီး

"မလိုဘူး"
ဟုပြောကာ ထိုလူ့ပခုံးကို တိုက်ပြီးထွက်သွားသည်။

တဖက်လူမှာ အယောင်ယောင်အမှားမှားဖြင့် အသက်ရှုတွေတောင်မှားကုန်သည်။
ရင်းနှီးမြှုပ်နှံဖို့ ကိစ္စကအခုထိ မပြီးသေးပါ သို့သော် She Yan ဘက်ကစကားထပ်
ပြောချင်စိတ်မရှိတော့သည်ပုံပင်။

Cheng Yang ကသူ့ကို လူတွေစိုက်ကြည့်နေတာကို သူသိသည်။ဒါမျိုးအခြေအနေက ကျောင်းမှာလည်း ကြုံတွေ့
နေကျပင်ဖြစ်သည်။လူအများအာရုံစိုက်ခံရတာက သူနှင့်ရင်းနှီးနေပြီးသားပင် သူသိပ်ပြီးဂရုစိုက်မနေပါ။

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now