မိုးတွေသည်းသည်းမဲမဲရွာတဲ့ည
လူခေါ်ဘဲမတီးပဲ တဒုန်းဒုန်း တံခါးခေါက်သံကြောင့်
နွေအိပ်နေရာမှလန့်နိုးသွားခဲ့သည်ဘယ်သူလဲဟဒီအချိန်ကြီး.....
နွေ စားပွဲပေါ်မှနာရီကိုကိုကြည့်လိုက်တော့ အချိန်က ည ၁၀ နာရီနွေတံခါးဖွင့်လိုက်တော့ အိမ်ပေါက်ဝတွင်မိုးရည်တွေတစ်ကိုယ်လုံးရွှဲနစ်နေတဲ့ သူ့ကိုတွေ့လိုက်ရသည်
သူနွေ့ကိုတွေ့တွေ့ချင်းဖတ်ထားလိုက်တာ....
နွေအသက်တောင်ရှုလို့မဝအောင်တင်းတင်းကြပ်ကြပ်နဲ့သူ့ဆီကအရက်နံ့တချို့ရတယ်
နွေ့ပခုံးထက်မှာမှီရင်း သူအသံမထွက်အောင်ငိုနေတာနွေသတိထားမိတယ်
သူ့မျက်ရည်တချို့နွေ့ပုခုံးထက်မှာ စိုကုန်တယ်" ကို....နွေ့ကိုရင်မဆိုင်ရဲမျက်နှာမပြရဲလို့မလာခဲ့တာပါ
နွေ ကို့ကိုလက်မထပ်ရင်တောင်အရင်လိုဆက်ဆံရေးမျိုး ကို့ကိုပြန်ပေးလို့ရမလား"သူ့ကိုနွေပြန်ဖတ်ထားလိုက်သည်
"နွေ ကို့ကိုလက်ထပ်ပါရစေ"
နွေ့အပြောကြောင့်သူနွေ့ပုခုံးကိုခပ်ဖွဖွလေးကိုင်ရင်းနွေ့မျက်နှာကို သေချာကြည့်လိုက်သည်
" နွေတကယ်ပြောတာလား"
သူမခေါင်းမရဲတရဲ့ညိမ့်လိုက်သည်သူနွေ့ကိုပြန်ဖတ်ထားလိုက်သည်
" တော်သေးတာပေါ့လေယာဉ်စင်းလုံးငှားတဲ့ငွေရော နေကြာခင်းဝယ်ထားတဲ့ငွေရော အရင်းကျေလို့"
သူ့အပြောကိုနွေအမြင်ကပ်ကပ်နဲ့ နှာခေါင်းကိုပိတ်ဆွဲလိုက်သည်မိုးတွေသည်းနေပေမဲ့ သူမတို့နှစ်ယောက်လုံးအချစ်တွေနဲ့အတူပြန်လည်နွေးထွေးသွားခဲ့သည်
နွေသူ့ခေါင်းကိုတဘတ်နဲ့ခပ်ဖွဖွသုတ်ပေးရင်း ပျော်နေမိသည်
သူကနွေ့ရဲ့ခါးကိုထိုင်နေရက်မှ တင်းတင်းကြပ်ကြပ်ဖက်ထားသည်
နွေ့မျက်နှာကိုသူကြည့်နေပုံက အမေနဲ့အကြာကြီးခွဲပြီးမှပြန်တွေ့ရတဲ့ကလေးတစ်ယောက်လို
ESTÁS LEYENDO
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Fantasíaအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...